DVB Logo
Home
မြန်မာသတင်း
ချင်း၊ မကွေးနှင့် စစ်ကိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်
DVB
·
April 6, 2022
ချင်း၊ မကွေးနှင့် စစ်ကိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်
Donate to DVB

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ  ဆက်လက်ပြင်းထန်နေဆဲ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး မြန်မာပြည် အနောက်မြောက်ဒေသတစ်ခုတည်းမှာတင် လူ ၃ သိန်းကျော်ရှိလာခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကောလင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ လူ ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ၁,၅၀၀ လောက်ရှိပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိကာလအထိ မြန်မာပြည် အနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေအပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင် အိုးအိမ်  အနည်းဆုံး ၇,၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေရှိရာနေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှကူညီပံ့ပိုးပေးနေပေမယ့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့ လိုအပ်ချက်တွေရှိ နေသေးတယ်လို့ဆိုပါတယ်။

ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက လိုအပ်နေသူတွေဆီ သွားရောက်ခွင့်ရပြီး အကူအညီတွေပေးခွင့်ရဖို့ တိုက်တွန်းဆော်ဩမှုတွေ စဉ်ဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ UNOCHA က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄,၆၀၀ ရှိပြီး၊ ဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013