DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ မတ်လအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀၀ ကျော်သေ၊ ၂၆၀ ခန့် ဒဏ်ရာရ
DVB
·
April 5, 2022
ကေအန်ယူနယ်မြေ၌ မတ်လအတွင်း စစ်ကောင်စီတပ်ဘက်က  ၄၀၀ ကျော်သေ၊ ၂၆၀ ခန့် ဒဏ်ရာရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေမှာ မတ်လအတွင်း  KNLA ၊ KNDO နဲ့ စစ်ကောင်စီတပ်၊ BGFတို့ တိုက်ပွဲပေါင်း  ၅၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၄၂၉ ဦးသေဆုံးပြီး ၂၆၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့  မတ် ၅ ရက် ဒီနေ့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ကား  ၃၅  စီးကို ဖျက်ဆီးနိုင်ခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဘက်တပ်ဖွဲ့ဝင်  ၂၂ ဦး အသက်စွန့်ခဲ့ရပြီး  ၃၅  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဘက်က အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၂၅ ဦးသေဆုံးပြီး၊ ၃၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၃ နယ်မြေ၊  ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ ၈ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်နဲ့ အဆောက်အဦပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေရဲ့  ကျပ်ငွေ ၃၇ သိန်းကို အတင်းအဓမ္မ လုယက် ခိုးယူခဲ့တာ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို အရပ်သား ပြည်သူပိုင်ပစ္စည်းဆုံးရှုံးမှုဟာ ကာလတန်ဖိုး မြန်မာငွေ ကျပ် သိန်း ၁၀၀၀ နီးပါး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ဆိုပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်တွေက ကျူးကျော်ဝင်ရောက် အင်အားသုံးထိုးစစ်ဆင်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်နက်ကြီး ၊ လက်နက်ငယ်တွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ပြည်သူ  ၁ သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013