DVB Logo
Home
မြန်မာသတင်း
Channel Mandalay သတင်းထောက်ချုပ် ထောင်ဒဏ် ၅ နှစ် အမိန့်ချခံရ
DVB
·
April 5, 2022
Channel Mandalay  သတင်းထောက်ချုပ် ထောင်ဒဏ် ၅ နှစ် အမိန့်ချခံရ
Donate to DVB

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅  နှစ်ကျခံဖို့ ဧပြီ ၅  ရက် ဒီနေ့  အမိန့်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁  ရက်က စဉ့်ကိုင်မြို့နယ်ထဲက သရက်ခြံမှာ  စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေရာကနေ ကိုဝင်းနိုင်ဦးနဲ့ ဇနီး အပါအဝင် အရပ်သား  ၅ ယောက်  ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုဝင်းနိုင်ဦးရဲ့ ဇနီးကတော့ နောက်ပိုင်းမှာ  ပြန်လည်လွတ်မြောက်ခဲ့ပြီး ကိုဝင်းနိုင်ဦး အပါအဝင် ၄ ယောက်ကတော့ ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ - က ၊ အကြမ်းဖက်ပုဒ်မ ၅၂ - က ၊ လက်နက်ပုဒ်မတို့နဲ့ တရားစွဲဆိုခံလိုက်ရပါတယ်။

ကိုဝင်းနိုင်ဦးရဲ့ ရှေ့နေဖြစ်သူက“ကိုဝင်းနိုင်ဦးကတော့ မီဒီယာကောင်စီဘက်က ရပ်တည်ပေးတာ မရှိဘူး။ ဒါ့ကြောင့် မီဒီယာကောင်စီကို မယုံကြည်ဘူးဆိုတာတော့ ပြောတယ်။” လို့ ပြောပါတယ်။

ကိုဝင်းနိုင်ဦးမှာ ပုဒ်မ ၅၀၅ - က နဲ့ ကင်းလွတ်ခွင့်ရခဲ့ပြီး အတူဖမ်းခံရတဲ့ ကိုဇော်မင်းဦး၊ ကိုကျော်ဦး တို့ကို ၅၀၅ - က ၊ ကိုကျော်ဦးကို လက်နက်ပုဒ်မ ၁၉ (စ) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

ဒါ့အပြင် ကိုဝင်းနိုင်ဦး ၊ ကိုမင်းရဲထွေး၊ ကိုဇော်မင်းဦး၊ ကိုကျော်ဦး တို့ကို လည်း  စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၂ - က နဲ့ ထပ်မံ တရားစွဲခံရပါသေးတယ်။

ဒီကနေ့  ထောင်တွင်းတရားရုံးမှာတော့ ကိုဝင်းနိုင်ဦး၊ ကိုမင်းရဲထွေး၊ ကိုဇော်မင်းဦး၊ ကိုကျော်ဦး တို့ကို အကြမ်းဖက်ပုဒ်မ ၅၂ - က နဲ့ ထောင်ဒဏ် ၅  နှစ် ကျခံဖို့ အမိန့်ချခဲ့ပြီး ကိုဇော်မင်းဦး၊ ကိုကျော်ဦး တို့ကို ၅၀၅ - က နဲ့ ထောင်ဒဏ် ၃  နှစ် အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် ကိုကျော်ဦးကိုလည်း လက်နက်ပုဒ်မ ၁၉ (စ) နဲ့  ထောင်ဒဏ် ၂ နှစ်ကျခံဖို့ ထပ်မံအမိန့်ချခဲ့တယ်လို့ ရှေ့နေထံကနေ သိရပါတယ်။

မန္တလေး အခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးဟာ ၂၀၁၉ ခုနှစ် ကလည်း တပ်သိမ်းမြေကိစ္စနဲ့ ပတ်သက်လို့ သတင်းဖော်ပြတဲ့အတွက် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013