DVB Logo
Home
မြန်မာသတင်း
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဟိုတယ်များတွင် သင်္ကြန်ကာလအတွက် အခန်းအားလုံး ပြည့်နေ
DVB
·
April 5, 2022
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဟိုတယ်များတွင် သင်္ကြန်ကာလအတွက် အခန်းအားလုံး ပြည့်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာရှိတဲ့  ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေရှိ ဟိုတယ်တွေမှာ သင်္ကြန်ကာလအတွက် တည်းခိုမယ့်  အခန်းအားလုံးဘွတ်ကင်ပြည့်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းကနေ  စုံစမ်းသိရပါတယ်။

ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေအားလုံး သင်္ကြန်ကာလအတွက် မုန်တိုင်းကြောင့် ပိတ်ထားတဲ့ဟိုတယ်တွေအားလုံးပြန်လည်ဖွင့်လှစ်ပြီး ဧည့်သည်တွေအခန်းပြည့်နီးပါး လက်ခံထားပြီလို့  ကမ်းခြေခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “အခန်းတွေက လဆန်းပိုင်းထဲက ကြိုမှာထားကြတာ ဒီနှစ်မှ အခန်းပြည့်တာတော့မဟုတ်ဘူး သင်္ကြန်ဆိုရင် အမြဲကမ်းခြေမှာ ဧည့်သည်ပြည့်ပါတယ်. တချို့ဆို ကမ်းခြေမှာတောင် အခင်းနဲ့ နေရတာမျိုးတွေရှိတယ်။ အခန်းက ရွာထဲရော ကမ်းခြေက ဟိုတယ်တွေပါ နှစ်ဆတက်တာ အဲ့တာ အကုန်ပြည့်ပါတယ်။”

ခရီးသွားဧည့်သည်ဝင်ရောက်မှုဟာ နှစ်သစ်ကူးရက်ထက် ထက်ဝက်ကျော်ပိုများပြီး အခန်းဈေးနှုန်း နှစ် ဆကျော်ပေးကာ လာရောက်လည်ပတ်ကျတာဖြစ်တယ်လို့ ဆိုပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ခရီးသွားဝင်ရောက်မှု ပြန်လည် များပြားလာတာဖြစ်ပြီး အခါကြီး ရက်ကြီးနေ့တွေကလွဲရင် ပုံမှန်နေ့တွေမှာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဧည့်သည်လာရောက်မှုအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ နိုင်ငံတဝန်း ခရီးသွားလာမှု မြင့်တက်လာလေ့ရှိပြီး တော်လှန်ရေးကာလ ခရီးသွားလာတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတွက် အဟန့်အတားဖြစ်စေတယ်လို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။ 

“အဓိက ခုလိုချိန်မျိုးမှာ အပျော်အပါးတွေ လုပ်ချင်စိတ်လည်းမရှိဘူး။ ဒီလောက်ပြည်သူတွေ အသက်ပေးထားရတဲ့အချိန်မှာ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့မှ မပျော်ဘူး။ အဲ့တော့ အပျော်အပါး လုပ်မယ့် ပိုက်ဆံကိုလှူဖြစ်တယ်။ တော်လှန်ရေး မြန်မြန်ပြီးဖို့ပဲ လုပ်စေချင်တယ်။ အပျော်အပါး ဆိုတာအချိန်မရွေးလုပ်လို့ရတယ်။တော်လှန်ရေးက မရဘူး ဒီစစ် (-) တွေကို အမြန်အပြုတ်တိုက်နိုင်မှ အေးချမ်းမှာ။ အဲ့ချိန်မှ အားလုံးကို အတူတူပျော်စေချင်ပါတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။ 

လတ်တလောမှာတော့ နိုင်ငံအနှံ့ ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန်မှုတွေ မအောင်မြင်စေဖို့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ပွင့်လင်းရာသီမှာ ခရီးသွားလာရင် မဖြစ်မနေ သွားတာမျိုးကလွဲလို့ ခရီးမသွားဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေချိန်မှာပဲ မြန်မာပြည်တွင်းက နာမည်ကြီး ဟိုတယ်တွေ၊ ဘားတွေ၊ အပျော်စီးသ‌င်္ဘောတွေ၊ အပန်းဖြေနေရာတွေ၊ အများစုကတော့ သက်ဆိုင်ရာနေရာတွေမှာ သီးသန့်သင်္ကြန်ပွဲ ဆင်နွှဲနိုင်ဖို့ အပြိုင်အဆိုင် ကြော်ငြာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013