DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံက ကုန်ပစ္စည်းများ လာအိုနှင့် ထိုင်းကိုဖြတ်ပြီး ရန်ကုန်သို့ ပို့ဆောင်
DVB
·
April 5, 2022
တရုတ်နိုင်ငံက ကုန်ပစ္စည်းများ လာအိုနှင့် ထိုင်းကိုဖြတ်ပြီး ရန်ကုန်သို့ ပို့ဆောင်
Donate to DVB

တရုတ်နိုင်ငံကနေ ဆိုင်ကယ်အပိုပစ္စည်းတွေကို လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ တဆင့် ဖြတ်သန်းပြီး ရန်ကုန်မြို့သို့  ပို့ဆောင်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားဟာ ဧပြီ ၂ ရက်နေ့မှာ တရုတ်နိုင်ငံ ချုံချင့်မီးရထားကွန်တိန်နာစင်တာကနေ ဆိုင်ကယ်အပိုပစ္စည်းတွေ တင်ဆောင်ထွက်ခွာလာပြီး ယူနန်ပြည်နယ်၊ မိုဟန်ကတဆင့် လာအိုနိုင်ငံထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 

ဒီနောက် လာအိုမြို့တော် ဗီယင်ကျန်းမှာ ကုန်းလမ်းပို့ဆောင်ရေးကို ပြောင်းပြီး ထိုင်းနိုင်ငံကို ဖြတ်သန်းဝင်ရောက်ကာ နောက်ဆုံးမှာ ရန်ကုန်ကို ပစ္စည်းတွေ ရောက်လာမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ကုန်ပစ္စည်းတွေ ရန်ကုန်ကို ဘယ်နေ့ ရောက်မယ်၊ ကုန်ပစ္စည်း အရေအတွက် ဘယ်လောက်ပါတယ်၊ ဘာကြောင့် မြန်မာနိုင်ငံကို တိုက်ရိုက်မပို့ဘဲ လာအိုနဲ့ ထိုင်းကနေတဆင့် ကုန်ပစ္စည်းတွေ ပို့ဆောင်ရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့  သတင်းမှာ ဖော်ပြတာ မရှိပါဘူး။ 

အခုလို ရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်တာဟာ ကုန်းလမ်း-ရေကြောင်း လမ်းကြောင်းသစ်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်ပေးတာဖြစ်ပြီး ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် ဖောက်လုပ်မှုရဲ့  ထိုးဖောက်အောင်မြင်မှုကို မြှင့်တင်ပေးခဲ့တဲ့ အသွင်ဆောင်နေတယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။ 

တရုတ်ဟာ မြန်မာကို ဖြတ်ကျော်တဲ့ နိုင်ငံတကာဆက်သွယ်ရေးလမ်းကြောင်းကို ဖောက်လုပ်နေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ ယူန်ပြည်နယ် တာလီနဲ့ ရွှေလီကို ဆက်သွယ်ထားတဲ့ ရထားလမ်းအတွက် ဥမင်လှိုဏ်ခေါင်းတွေ ဖောက်လုပ်ပြီးစီးခဲ့ကြောင်း ကြေညာခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013