DVB Logo
Home
မြန်မာသတင်း
အလွတ်သဘောတွေ့ဆုံရန် NUG ၏ကမ်းလှမ်းချက်ကို အေအေကြိုဆို
DVB
·
April 5, 2022
အလွတ်သဘောတွေ့ဆုံရန် NUG ၏ကမ်းလှမ်းချက်ကို အေအေကြိုဆို
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အလွတ်သဘောတွေ့ဆုံမှု ကမ်းလှမ်းချက်ကိုကြိုဆိုပြီး ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားပြီးမှာ ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး တွေ့ဆုံနိုင်ရေးကို ဆုံးဖြတ်မယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလ ၅ ရက်နေ့ ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA က လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ရက္ခိုင့်တပ်တော်အနေနဲ့ ချီးကျူးတယ်လို့လည်းဆိုပါတယ်။

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက်  ရက္ခိုင့်တပ်တော် (အေအေ)ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ်ဆက်ဆံရေး ကော်မတီက မတ်လ ၂၄ ရက်က အလွတ်သဘော တွေ့ဆုံခွင့်တောင်းခဲ့တာပါ။ 

ပိုမိုချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကနေ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်း အင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက် များစွာ ဆန္ဒပြင်းပြနေတယ်လို့  အေအေအဖွဲ့ထံကို ပေးပို့ခဲ့တဲ့ NUG ရဲ့ စာမှာ ရေးသားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013