Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်မြန်မာများ တင်လာသည့်ယာဉ် တိမ်းမှောက်၊ ၁၈ ဦးဒဏ်ရာရ
DVB
·
April 5, 2022
277677467_10159633144247305_1164257687668963179_n
277563295_10159633144067305_2091729150767049304_n
277736254_10159633144072305_916356184633312805_n
277810097_10159633144037305_7614855743199017864_n
277753131_10159633144137305_8537622643911628405_n
277310638_10159633144202305_7990798996861090515_n

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် တင်ဆောင်လာတဲ့ကားတစီး လမ်းကွေ့တခုမှာ မတော်တဆတိမ်းမှောက်သွားပြီး ၁၈ ဦး ဒဏ်ရာရတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဧပြီ ၅ ရက် ဒီနေ့ မနက်စောစောက ဖုပ်ဖရမြို့နယ် ဆမ်ယွက်ဒွိုင်နဲ့ ဟွေ့နုတ်လဲကျေးရွာကြား လမ်းပေါ်မှာ ယာဉ်မတော်တဆတိမ်းမှောက်ပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ အကြောင်းကြားလာတဲ့အတွက် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖုပ်ဖရမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန် လမ်းချိုးကွေ့တခုမှာ ငွေရောင်တိုယိုတာဟိုင်းလပ်ကားတစီး တိမ်းမှောက်နေပြီး အနီးတဝိုက်မှာ ဒဏ်ရာရသူတွေ ပြန့်ကျဲကာ နာကျင်စွာနဲ့ ညည်းညူအကူအညီ တောင်းခံနေကြကြောင်း၊ အနားမှာလည်း အထုတ်အပိုးတွေပြန့်ကျဲနေလို့  စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၈ ဦးရှိပြီး သူတို့ကို ရှေးဦးသူနာပြုစုကာ ဖုပ်ဖရ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ကားမှောက်ရတဲ့ အကြောင်းရင်းနဲ့ ယာဉ်မောင်းသူနဲ့ပတ်သက်လို့တော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။

သူတို့ဟာ နိုင်ငံထဲကိုတရားမဝင် ဝင်ရောက်လာတာကြောင့် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဖုပ်ဖရရဲတပ်ဖွဲ့က ပြောပါတယ်။ 

Ref- AEC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024