DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့၌ စစ်တပ်အတွက် ဂိတ်ကြေးကောက်နေသည့် အရပ်ဝတ် ၄ ဦး ပစ်သတ်ခံရ
DVB
·
April 5, 2022
အင်းတော်မြို့၌ စစ်တပ်အတွက် ဂိတ်ကြေးကောက်နေသည့် အရပ်ဝတ် ၄ ဦး ပစ်သတ်ခံရ
Donate to DVB

ဧပြီ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့အထွက် မြစ်ကြီးနား-မန္တလေး ကားလမ်းမပေါ်မှာ ဝါးမောင်းတံနဲ့ ဂိတ်ပြုလုပ်ပြီး စစ်ကောင်စီအတွက် ဂိတ်ကြေး ကောက်ခံပေးနေတဲ့ အရပ်ဝတ်နဲ့ ၄ ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတဦးက "ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်ထင်တယ်၊ အင်းတော် အထွက်နားလောက်မှာ သေနတ်သံတွေ  ကြားရတော့ တချို့ကားတွေက ပြန်လှည့်ဖို့ တောင်လုပ်နေပြီး နောက်မှ ဆိုက်ကယ်နဲ့ လိုက်လာပြီး ပြန်သွားလို့ ရပြီးဆိုပြီး လာပြောမှ ခရီးဆက်ကြတာ။ ဂိတ်နားရောက်တော့ တဖက်မှာ သုံးယောက်၊ တဖက်မှာတယောက် သွေးတွေနဲ့ လဲနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လေးယောက်ဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်တွေဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်-နန့်စီးအောင် လမ်းအသုံးပြုနေတဲ့ ကုန်ကားဆရာတွေနဲ့ ခရီးသွားကားဆရာတွေဆီကနေ ပိုက်ဆံ မတရားကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဂိတ်တွေထဲက နတ်မဟုတ်ကြီးရွာအနီးက ဂိတ်ကို လမ်းရှင်းလင်းရေးပြောက်ကျားအဖွဲ့အစည်း တဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ခုခံတဲ့ ဂိတ်စောင့် ဝန်ထမ်း ၄ ဦး သေဆုံးခဲ့တယ်လို့ အင်းတော် PDF က ထုတ်ပြန်ထားပါတယ်။

တခြားဂိတ်တွေ အနေနဲ့လည်း ခရီးသွား ကားဆရာတွေနဲ့ ကုန်ကားဆရာတွေဆီကနေ ဆက်လက်ပြီး မတရား ကောက်ခံနေမယ်ဆိုရင် အသက်အာမ မခံဘူးလို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013