DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် စာတိုက်မှပို့သည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၇ လက် သိမ်းဆည်းရမိ
DVB
·
April 4, 2022
ထိုင်း-မြန်မာနယ်စပ်တွင်  စာတိုက်မှပို့သည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၇ လက် သိမ်းဆည်းရမိ
1 / 2
Donate to DVB

မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ်လို့ ယူဆရတဲ့  အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်  ၇ လက်ကို ဧပြီ ၄ ရက် ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး  မယ်လမတ်မြို့နယ်စာတိုက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းမှတဆင့် မယ်လမတ်မြို့နယ်စာတိုက်ကို ရောက်ရှိလာတဲ့  ပါဆယ်ထုပ်ကြီးတွေကို  စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့  ရဲစခန်းထံ အကြောင်းကြားခဲ့ရာကတဆင့် လက်နက်တွေနဲ့အတူ ပစ္စည်းလာထုတ်တဲ့ အမျိုးသားနှစ်ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေဟာ  ရာခိုင်နှုန်းအားဖြင့် ၆၀ လောက်ရှိတဲ့ တပတ်ရစ်သေနတ်တွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကာလပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၁ သိန်းခွဲလောက် တန်ဖိုးရှိနိုင်တယ်လို့   နယ်စပ်ကနေ လက်နက်ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

မဲဆောက်မြို့မြောက်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့  မယ်လမတ်မြို့နယ်ရဲ့ တဘက်ခြမ်း  နယ်ခြားသောင်ရင်းမြစ်ခြားတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် တည်ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013