DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့အနီး တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
April 4, 2022
ကော့ကရိတ်မြို့အနီး  တောင်ကြာအင်းရဲစခန်းကို  KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက  ဧပြီ ၄ ရက် ဒီကနေ့ ညနေ ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့   KNLA တပ်ဖွဲ့ထံက သိရပါတယ်။

ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေရှိ  KNLA ပူးပေါင်းတပ်တွေက တောင်ကြာအင်း ရဲစခန်းကို ဒီနေ့မနက်ကတည်းက စခန်းသိမ်းဖို့သွားရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ကာ ညနေပိုင်းမှာတော့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့  စာသင်ကျောင်းကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုက်ပွဲစတင်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကူပစ်တဲ့အနေနဲ့ ကော့ကရိတ်မြို့တွင်းနဲ့ ကော့ကရိတ်မြို့အနောက်မြောက် ယာယီ စစ်ကောင်စီစခန်းတွေကနေ  လက်နက်ကြီးနဲ့  ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သား ပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးတာရှိခဲ့တယ်လို့လည်း  ကော့ကရိတ် ဒေသခံပြည်သူတွေက ပြောပါတယ်။

မတ်လ ၄ ရက် ဒီနေ့မနက်ပိုင်းက   ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး အနည်းဆုံး မော်တော်ယာဉ် ၄ စီး မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒီနေ့တရက်တည်း မီးရှို့ခံရတဲ့ မော်တော်ယာဉ်စုစုပေါင်း ၁၀ စီးကျော်လောက်ရှိ နိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့တွေ  ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ မော်တော်ကားအစီးရေ အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ 

ဧပြီလ ၃ ရက်မနေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီမြို့တောင်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားပြီး  တရက်တည်းမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013