DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို ပစ်သတ်၊ နေအိမ်များကို မီးရှို့
DVB
·
April 3, 2022
သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို ပစ်သတ်၊  နေအိမ်များကို မီးရှို့
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ  ရွာသား ၂ ယောက်ကို  ပစ်သတ်ခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ် စတင်ဝင်ရောက်လာတဲ့ အင်အား ၁၅၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတချို့မှာ စခန်းချတာ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်နေရာကနေ ဧပြီ ၂  ရက်က မယ်ကဲကျေးရွာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် ဖမ်းဆီးထားခဲ့တယ်လို့သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "သူတို့က လူသားဒိုင်းနဲ့၀င်လာတာ၊ ကလေးတွေကိုအရှေ့မှာ သေနတ်နဲ့ထောက်ပြီးသွားခိုင်းထားတာ၊ လူကြီးတွေကိုရောပဲ။ ကျနော်တို့ လမ်းတလျှောက်မှာလည်း မီးရှို့ခံထားရတဲ့အိမ်တွေချည်းပဲ့ဗျာ" လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အနည်းဆုံး လူနေအိမ်  ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ယောက်ကို  ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ အမျိုးသား ၂ ယောက်ထဲက  ဦးလင်းမောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ ဧပြီ ၃ ရက်မှာ တွေ့ရှိခဲ့ပြီး ရိုက်နှက်ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေအပြင် လက်ထိပ်ပါခတ် အနေအထားနဲ့ တွေ့ရှိတာလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာ  ၁၀ ရွာအနက် ကျေးရွာ ၅ ရွာလောက်မှာ ဒေသခံပြည်သူ အကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ တော်တော်အခက်တွေ့နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေသခံတချို့ကတော့ တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မတ်လ ၃၀ ရက်ကတည်းက ရှောင်တိမ်းနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013