DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်
DVB
·
April 1, 2022
မွန်ပြည်နယ်အတွင်း ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်
Donate to DVB

မွန်ပြည်နယ်တဝန်းမှာ ဧပြီ ၁ ရက်နေ့ကစပြီး ညမထွက်ရအချိန် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ပြည်နယ်စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်ရာမှာတော့ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို အရင် ည ၁၀ နာရီမှ မနက် ၄ နာရီအစား ည ၁၂ နာရီမှ မနက် ၄ နာရီကို ပြောင်းလဲ သတ်မှတ်လိုက်ပါတဘ်။

ကျန် ၆ မြို့နယ်ဖြစ်တဲ့ သထုံ၊ ပေါင်၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ အရင် ည ၈ နာရီမှ မနက် ၄ နာရီအစား ည ၁၀ နာရီမှ မနက် ၄ နာရီအချိန်ကို ပြောင်းလဲ သတ်မှတ်လိုက်တာပါ။

ဒါပေမဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ကျိုက်ထိုနဲ့ ရေးမြို့နယ်ကတော့ ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်တာ မရှိဘဲ အရင် ည ၈ နာရီမှ မနက် ၄ နာရီအတိုင်း ကန့်သတ်ထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို သက်တမ်းထပ်တိုးတာကြောင့် ဆန္ဒပြတာ၊ စီတန်းလှည့်လည်တာနဲ့ လူ ၅ ဦးထက် ပိုစုဝေးခွင့် မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို နောက်ထပ် အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013