DVB Logo
Home
မြန်မာသတင်း
ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခံရ
DVB
·
March 31, 2022
ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး  ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇေလင်းဦးကို ထားဝယ်ခရိုင် တရားရုံးကနေ မတ် ၃၀ ရက်က နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်မံကျခံစေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကနေ သိရပါတယ်။

ကိုဇေလင်းဦးဟာ ဇနီးဖြစ်သူ မနှင်းစုလှိုင်နဲ့အတူ ၂၀၂၁ ဧပြီလ အစောပိုင်းက ထားဝယ်မြို့၊ ကျန်းမာရေးလမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၃၀၂၊ ၃၂၆၊ လက်နက်အက်ဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၁၉(င)၊ ၁၉(စ) စုစုပေါင်း ပုဒ်မခြောက်ခုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အဲဒီလို တရားစွဲဆိုခံရပြီးနောက် အရင်နှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉(င)၊ ၁၉(စ) တို့အတွက် ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး အခု မတ် ၃၀ ရက်နေ့မှာတော့ ပုဒ်မ ၃၀၂ အတွက် ၁၀ နှစ်နဲ့ ပုဒ်မ ၃၂၆ အတွက် ၅ နှစ် ထပ်မံချမှတ်ခံခဲ့ရတဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်နဲ့ ၆ လ ကျခံရမှာ ဖြစ်ပါတယ်။

ကိုဇေလင်းဦးဟာ အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး ဧပြီ ၉ ရက်နေ့က ထားဝယ်အကျဉ်းထောင် ကိုဗစ်ကွာရန်တင်းစင်တာကို ရောက်ရှိလာတဲ့အချိန်မှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတဦးက "သူက စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ကြောခံထားရတယ်။ ထောင်ကွာရန်တင်းကို ရောက်လာချိန်မှာ မျက်နှာဖူးရောင်ဒဏ်ရာတွေ ကျောတွေ၊ ခြေတွေ လက်တွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ အများကြီးရှိတယ်။ ထောင်ထဲမှာ ဝိုင်းပြီး ဆေးထည့်ပေး၊ ဆေးလိမ်းပေး လုပ်ကြရတယ်" လို့ ဆိုပါတယ်။

ကိုဇေလင်းဦးရဲ့ဇနီး မနှင်းစုလှိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ ၁၉(စ)၊ ၁၉(င) တို့နဲ့ တရားစွဲဆိုခဲ့ပြီး မနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၃ ခုစလုံးအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လ ကျခံစေဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့ပါတယ်။

ထားဝယ်အကျဉ်းထောင်အတွင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး အမြင့်ဆုံးထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံထားရတာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013