DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် NFT ကို အခြေခံပြီး ရန်ပုံငွေရှာရန် စီစဉ်
DVB
·
March 31, 2022
တော်လှန်ရေးအတွက် NFT ကို အခြေခံပြီး ရန်ပုံငွေရှာရန် စီစဉ်
Donate to DVB

တော်လှန်ရေး လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပဒေသာပင်အဖွဲ့နဲ့ Will of Myanmar team တို့ ပူးပေါင်းကာ NFT (Non-fungible Token) ကို အခြေခံပြီး ရန်ပုံငွေအစီအစဉ်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

NFT ကို အစားထိုးလို့မရတဲ့ အမှတ်အသားတခုလို့ အနီးစပ်ဆုံး ဘာသာပြန်လို့ရပြီး ဓာတ်ပုံ၊ ဗွီဒီယို၊ သီချင်းတွေ၊ ရုပ်ရှင်၊ ရုပ်ပြတွေအပြင် ဂိမ်းနဲ့ပတ်သက်တဲ့ ဖိုင်တွေကအစ NFT အဖြစ် ပြောင်းလဲ မှတ်ပုံတင်လို့ ရပါတယ်။

ဒီလို NFT အဖြစ် ပြောင်းလဲ မှတ်ပုံတင်ထားတဲ့ ကိုပဒေသာပင်နဲ့ သူ့ရဲ့သမီးလေး ဆွီတီတို့ရဲ့ပုံကို ဧပြီ ၁ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ရောင်းချလို့ရလာတဲ့ ငွေကြေးတွေကို C2D နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ပြုလုပ်တဲ့ project dragonfly ကို အကုန်လှူဒါန်းသွားမယ်လို့ ကိုပဒေသာပင်က ဒီဗွီဘီကို ပြောပါတယ်။

ရောင်းချမယ့် NFT က ပုံစံနှစ်မျိုးရှိပြီး ပထမဆုံး ရောင်းချမယ့်ပုံက ကမ္ဘာပေါ်မှာ တပုံတည်းပဲရှိမယ့် ကိုပဒေသာပင်နဲ့ ဆွီတီလေးရဲ့ပုံနဲ့ နောက်ထပ်ပုံ ၂၀ ကို collection အနေနဲ့ ရောင်းမှာဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ ကြမ်းခင်းဈေး ဒေါ်လာ ၁,၀၀၀ နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

NFT ကို ဝယ်ယူဖို့ ဝယ်ယူချင်တဲ့ ဆန္ဒရယ်၊ ဘဏ်အကောင့်တခုရယ် ရှိရုံနဲ့ ပြည်တွင်း၊ ပြည်ပက တော်လှန်ရေးကို အထောက်အပံ့ ပေးချင်တဲ့လူတွေ ပဒေသာပင်အဖွဲ့ကို ကူညီပေးချင်တဲ့ လူတွေက ပဒေသာပင် page ကို အသေးစိတ် ဆက်သွယ်မေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။

NFT ဝယ်ယူဖို့အတွက် အသေးစိတ်အချက်အလက်တွေကို Will of Myanmar team နဲ့  Padaythar Pin - ပဒေသာပင် page တို့မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013