DVB Logo
Home
Lead Story
မြန်မာပြည်က ပူတင်အသေးစား
DVB
·
March 31, 2022
မြန်မာပြည်က ပူတင်အသေးစား
Donate to DVB

မြန်မာပြည်ရဲ့ ပူတင်အငယ်စား မင်းအောင်လှိုင်ဟာ သူ့ရဲ့လက်ဦးဆရာ ရုရှားက ပူတင်လိုမျိုး သူရဲ့ မကြာခင် ကျဆုံးတော့မယ့် နေ့ရက်တွေကို လက်ချိုး ရေတွက်နေရပြီလို့ ယူရေးရှားရီဗျူး သတင်းစာက ရေးသားလိုက်ပါတယ်။

ရုရှားအာဏာရှင် ဗလာဒီမီယာပူတင် ဖန်တီးလိုက်တဲ့ ယူကရိန်းအကျပ်အတည်းကို ကမ္ဘာကြီးက အာရုံစိုက်လုံးပန်းနေချိန်မှာ အရှေ့တောင်အာရှမှာ ဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားမှုကြီးကို ဦးဆောင်တဲ့မြန်မာပြည်သူပြည်သားတွေကို သုတ်သင်ဖို့ တစိုက်မတ်မတ် အကြမ်းဖက်ဖြိုခွင်း ချေမှုန်းနေတဲ့ အစိမ်းရောင်ယူနီဖောင်း၀တ် မြန်မာနိုင်ငံသား ဗလာဒီမာပူတင် အငယ်စား တယောက် ရှိနေသေးကြောင်း ယူရေးရှားရီဗျူးသတင်းစာမှာ ဆောင်းပါးရှင်   Kanbawza Win က တင်စားရေးသားထားတာပါ။

မနှစ်တုန်းက စစ်တပ်ရဲ့နောက်ဆုံး အာဏာသိမ်းမှုနဲ့အတူ မြန်မာတပ်မတော် ဆိုတဲ့ အမည်နာမကနေ ကိုယ့်လူမျိုးကိုယ် သတ်ရတာကို ဘယ်တော့မှ မရောင့်ရဲဘူးလို့ အဓိပ္ပာယ်ရတဲ့ သတ်-မတော် ဆိုပြီး နာမည်ပျက်၊ အရှက်ရစရာ ဂုဏ်ပျက်၊ သိက္ခာမဲ့ အဖွဲ့အစည်းတခုဖြစ်သွားတာကြောင့် မြန်မာ့တပ်မတော် နိဂုံးချုပ်တဲ့အချိန် ရောက်သွားပြီ ဆိုတာကို ယဉ်ကျေးတဲ့ကမ္ဘာက မျက်မြင်တွေ့ခဲ့ရပြီလို့လည်း ဆိုပါတယ်။

အတိအကျပြောရရင် မြန်မာတပ်မတော်ဟာ ၁၉၄၈ ခုနှစ်ကနေ ယနေ့အထိ (၇၄ နှစ်)တာ ကာလအတွင်း တိုင်းတစ်ပါးရန်သူကို တစ်ကြိမ်တခါမှ မတိုက်ခိုက်ခဲ့ပဲ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို နှိမ်နင်းဖို့သာ အသုံးပြုနေကြောင်း ထောက်ပြထားပါတယ်။

ဒါကြောင့် လယ်သမားပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ဒေသခံပြည်သူလူထုကို သူတို့က ခပ်ရှင်းရှင်းပဲ ပစ်သတ်လိုက်တာပဲလို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ လူငယ်ဗိုလ်ချုပ်တွေဟာ ခေတ်သစ်သမိုင်းမှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ကမ္ဘာ့စံချိန်သစ်တင်ဖို့ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လို ရှေ့လူတွေရဲ့ခြေရာအတိုင်း လိုက်နင်းခဲ့တဲ့ လက်ရှိ တတိယမျိုးဆက် မြန်မာ့ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့အဆင့်အတန်းကို ရှေ့ထပ်တိုးလိုပြီး ပြည်သူတွေရဲ့ဆန္ဒအရ တရားဝင်ရွေးချယ်ထားတဲ့ အစိုးရကို ဆန့်ကျင်ပြီးတော့ မနှစ်က အာဏာသိမ်းမှုကို အကောင်အထည်ဖော် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ကလည်း သွယ်ဝိုက်တဲ့ အားပေးမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို အကောင်အထည်ဖော်ဖို့ လမ်းခင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကမ္ဘာဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ရွေ့လျားလာတာနဲ့အမျှ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ  မကြာသေးခင်က တပ်မတော်နေ့ မိန့်ခွန်းထဲမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ချေမှုန်းပစ်မယ် လို့ ထုတ်ပြော ကတိပြုခဲ့ပါတယ်။ ရယ်စရာကောင်းတာကအခု မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အပြစ်တင်တဲ့အသံတွေထိပ်မှာ ကြွေးကြော်နေပြီး သူကိုယ်တိုင်က တရားဝင် ရွေးကောက်ခံ အစိုးရဆီကနေ အာဏာကို ခိုးယူသွားတဲ့ သူခိုးဖြစ်နေတာကြောင့် သူခိုးက လူပြန်ဟစ် ဆိုတဲ့အခြေအနေက ထင်ထင်ရှားရှားကြီး ပေါ်လွင်နေတယ် လို့လည်း ဆိုပါတယ်။

သူ့ရဲ့လက်ဦးဆရာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ဟာ အခုတော့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုက်အဝန်းမှာ သူ့အမှားသူ ဝန်ခံနေရပြီ ဖြစ်ကြောင်းနဲ့ ရုရှားဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်မယ့် ခေတ်မီလက်နက်တွေကို ဆက်လက် ပုံအောပေးလိမ့်မယ်လို့ သူ့ကိုအတုယူပြီး မျှော်တွေးနေမယ့် ပူတင်အငယ်စား မင်းအောင်လှိုင်ကိုလည်း ကူညီဖို့ တတ်နိုင်တော့မှာ မဟုတ်ကြောင်း ယူရေးရှားရီဗျူးက ရေးပါတယ်။ 

စစ်လက်နက်ကိရိယာတွေနဲ့ စစ်အင်အားပိုင်းမှာ ကြီးမားတဲ့ အားသာချက် ရှိပေမယ့်လည်း သတ်-မတော်ဟာ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့သစ်တွေကို ချေမှုန်းဖို့ ခက်ခဲနေပါပြီ။ PDF တွေဟာ ဒေသခံလူထုရဲ့ပံ့ပိုးကူညီမှုနဲ့ မြေပြင်အချက်အလက်တွေပေါ် အမှီအခိုပြုပြီး မကြာခဏ အံ့အားသင့်စရာ ထိရောက်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013