DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
March 31, 2022
ကျိုက်ထို မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းမှာ မတ် ၃၁ ရက် ဒီမနက် ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဒီဗွီဘီကို ပြောပါတယ်။

မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့သလို ကေအန်အယ်လ်အေ ပူးပေါင်းအဖွဲ့က ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ပြောပါတယ်။

နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ခရီးသွားယာဉ်မောင်း ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး အခုအခါမှာတော့ သူတို့ ၂ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

မုပ္ပလင်လမ်းဆုံက စစ်ကောင်စီဂိတ်စခန်းဟာ စစ်တပ်နဲ့ ရဲအင်အား ၄၀ လောက်ချထားတဲ့ ဂိတ်စခန်းတခုဖြစ်ပြီး မကြာခဏဆိုသလို ကေအန်အယ်လ်အေ ပူးပေါင်းအဖွဲ့က တိုက်ခိုက်လေ့ရှိပါတယ်။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း ၁ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013