DVB Logo
Home
မြန်မာသတင်း
ကွယ်လွန်သွားပြီဖြစ်သည့် လွှတ်တော်အမတ်၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်
DVB
·
March 30, 2022
ကွယ်လွန်သွားပြီဖြစ်သည့် လွှတ်တော်အမတ်၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်
Donate to DVB

ပဲခူးတိုင်း ပြည်မြို့နယ်မှာရှိတဲ့  ကွယ်လွန်သူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုသက်ဝင်းလှိုင်ရဲ့မိသားစု နေအိမ်ကို စစ်ကောင်စီတပ်တွေက  လာရောက် ချိတ်ပိတ်သွားပါတယ်။

ထမဂေါက်အုပ်စု၊ တီတွတ်စံပြကျေးရွာ၊ တီတွတ်စံပြကွက်သစ်လမ်းမှာ ရှိတဲ့ လွှတ်တော်အမတ်ရဲ့ နေအိမ်ကို မတ်လ ၂၉ ရက် မနေ့ညနေက စစ်ကောင်စီအဖွဲ့စုံလာရောက် ချိပ်ပိတ်သွားတာလို့     သူတို့နဲ့နီးစပ်တဲ့ ဒေသခံတယောက်ကပြောပါတယ်။ 

“သူတို့က မနေ့က မတ်လ ၂၉ ရက်နေ့ ညနေဘက်မှာလာချိပ်ပိတ်မယ်သတင်းရလို့ ကြိုပြီးရှောင်တဲ့ အနေနဲ့ တခြားနေရာတခုခုကို ပြောင်းသွားကြပြီး အိမ်မှာဘယ်သူမှ မရှိချိန်မှာ ညနေ ၄ နာရီလောက်မှာ  စစ်ကောင်စီတပ်သားတွေ ရဲတွေ၊ မြေစာရင်းက လူတွေ၊ ရာအိမ်မှူးနဲ့  ဒလန်တွေ လူ ၂၀ လောက်ရှိတယ်။ လာပြီး သူတို့သော့နဲ့ အိမ်ရော နောက်ဖေးက ပလက်စတစ် စက်ရုံကိုရော၊ အိမ်ဝင်းကိုရော စာတွေကပ်ပြီး၊ သော့တွေနဲ့ခတ်သွားကြတယ်။” 

ဒီအဆောက်အဦနဲ့ မြေနေရာဟာ  အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေလို့ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းမှာဖြစ်တဲ့အတွက် မကျူးကျော်ရ၊ ရောင်းချတာ ဝယ်ယူတာတွေ မပြုလုပ်ရဆိုပြီး  အိမ်ရှေ့မှာ ကပ်ထားတဲ့စာမှာ ရေးထားပါတယ်။

လွှတ်တော်အမတ် ကိုသက်ဝင်းလှိုင်ဟာ စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ စွပ်စွဲအမှုဖွင့်  လိုက်လံဖမ်းဆီးနေတာကြောင့် တောတွင်းတနေရာကိုထွက်ပြေးခဲ့ရပြီး   တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း ပြီးခဲ့တဲ့နှစ် မေလ ၃ ရက်က မတော်တဆမှုတခုကြောင့် ကျဆုံးသွားခဲ့ပါ တယ်။

စစ်ကောင်စီက အခု သူ့မိသားစု ဆက်လက်နေထိုင်နေတဲ့ နေအိမ်ကို  ချိပ်ပိတ်လိုက်တာကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေဟာ တခြားတနေရာမှာ  အိမ်ငှားပြီး ပြောင်းရွေ့နေထိုင်နေရပါတယ်။

စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ဟာ အာဏာသိမ်းပြီးကတည်းက အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေကို တရားဥပဒေမဲ့ လိုက်လံဖမ်းဆီးထောင်ချ၊ နည်းမျိုးစုံနဲ့ ဖိနှိပ်၊ အမှုပေါင်းစုံနဲ့ မတရားစွပ်စွဲပြီး နေအိမ်တွေ ပိုင်ဆိုင်မှုတွေကိုလည်း လိုက်လံသိမ်းဆည်း ချိပ်ပိတ်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013