DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် စစ်ကောင်စီဝန်ထမ်းများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲအပါအဝင် ၄ ဦးသေဆုံး
DVB
·
March 30, 2022
ညောင်လေးပင်တွင် စစ်ကောင်စီဝန်ထမ်းများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲအပါအဝင် ၄ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ မတ် ၃၀ ရက် မနက်ပိုင်းက စိုက်ပျိုးစရိတ်ချေးငွေ လာတောင်းတဲ့ စစ်ကောင်စီဝန်ထမ်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးခရိုင် PDF ကနေ သိရပါတယ်။

ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ စိုက်ပျိုးစရိတ်ချေးငွေ တောင်းဖို့လာတဲ့ စစ်ကောင်စီ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်သားတယောက်၊ ညောင်လေးပင် ထွေအုပ်ဝန်ထမ်း ထူးစေး၊ ရာအိမ်မှူး ကုလား (ခ) တင်စိုးနဲ့ ပြည်တော်အေးပိုင်း ရာအိမ်မှူး နိုင်ဝင်းတို့ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့် ပေါက်ကုန်းလေး အုပ်ချုပ်ရေးမှူးနဲ့ တခြားလူတချို့လည်း အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့မနက် ၅ နာရီကျော်လောက်မှာ ပဲခူးခရိုင် PDF တပ်ရင်း ၁၊ တပ်ခွဲ ၁ Eagle Guerilla Force က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပဲခူးခရိုင် PDF အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013