DVB Logo
Home
မြန်မာသတင်း
စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း ၂၁ မျိုး FDA ကြေညာ
DVB
·
March 29, 2022
စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း ၂၁ မျိုး FDA ကြေညာ
Donate to DVB

မြန်မာပြည်တွင်း ဈေးကွက်မှာ ရောင်းချနေတဲ့ အသားလုံး၊ အသားချောင်း ၂၁ မျိုးကို စားဖို့မသင့်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ကြေညာပါတယ်။

တာရှည်ခံဆေးတမျိုးဖြစ်တဲ့ Benzoic Acid ကို သတ်မှတ် ပမာဏထက် ပိုသုံးစွဲထားတဲ့ Thailand၊ PS-Food၊ Thai Star Barbnd၊ K& P PS-Food၊ K & P၊ TSP၊ B4 New၊ ဖွန်းစဝမ်း၊ B.B ကြက်ဘီဘီ၊ JSP Food၊ TRK၊ Top GP အမှတ်တံဆိပ်တွေ၊ တာရှည်ခံဆေးတမျိုးဖြစ်တဲ့ Sorbic Acid ကို သတ်မှတ်ပမာဏထက် ပိုသုံးစွဲထားတဲ့ P&J၊ AI CHENG အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ထားတဲ့ မာလာကြက်အူချောင်း အပါအဝင် ကြက်သား ကြက်အူချောင်း အမျိုးမျိုးတို့ကို စားဖို့ မသင့်ဘူးလို့ ကြေညာတာပါ။

အဲဒီဆေးတွေကို လိုအပ်တာထက် ပိုသုံးရင် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေမှာ လတ်တလော မျက်လုံး၊ အရေပြားယားယံတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်ဗိုက်ဗိုက်နာတာတို့ကို ခံစားရနိုင်တဲ့အပြင် ရေရှည်မှာ အစာအိမ်၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးပြီး ကင်ဆာရောဂါတွေလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

အဲဒီ အမှတ်တံဆိပ် အစားအသောက်တွေကိုမဖြန့်ဖြူးမရောင်းချဖို့ တားမြစ်လိုက်ပြီး မလိုက်နာရင် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ တရားစွဲဆိုအရေးယူမယ်လို့ ဆိုပါတယ်။

အဲဒီပုဒ်မအရဆိုရင် ငွေဒဏ် သုံးသိန်းထက် မပိုတဲ့ဒဏ်ငွေပေးဆောင်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013