DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် စားသုံးရန်မသင့်သော အသားလုံး အသားချောင်းတံဆိပ် အမျိုး ၂၀  ထုတ်ပြန်
DVB
·
June 16, 2026
Photo: Workpoint News
Photo: Workpoint News
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်ထဲမှာ ပြီးခဲ့တဲ့အပတ်က တရားမဝင် အသားလုံး အသားချောင်းထုတ်လုပ်ရေး အလုပ်ရုံတရုံကို ဝင်ရောက်စစ်ဆေး အရေးယူခံရပြီးတဲ့နောက် စားသုံးရန် မသင့်လျော်တဲ့ အသားလုံး၊ အသားချောင်း အမှတ်တံဆိပ်အမျိုး ၂၀ ကို သက်ဆိုင်ရာက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ 

ထိုင်းနိုင်ငံ အစာနဲ့ဆေးဝါးကွပ်ကဲရေးကော်မတီ (FDA) က ဇွန် ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တားမြစ်လိုက်တဲ့ စားသုံးရန်မသင့်သော အသားလုံး၊ အသားချောင်း တံဆိပ်တွေကတော့ CFP တံဆိပ် ရေဘဝဲလုံး၊ တံဆိပ်မပါ ကြက်အရွတ်လုံး၊ CHALAME တံဆိပ် အမဲသားလုံး၊ နိုင်းချဲမ့် CHALAME တံဆိပ် ကြက်သားလုံးနှင့် ကြက်အရွတ်လုံး၊ ဆလိတ် สเลิศ အမှတ်တံဆိပ် ဝက်သားလုံး၊ K&P တံဆိပ် ဝက်သားချောင်း၊ มินิ တံဆိပ် ဝက်သားချောင်း၊ แม่พลอยบุญ မဲ့ဖလွဲဘွန်းတံဆိပ် ငရုတ်ကောင်းဝက်သားချောင်း၊ PPM ထိန့်အွန်းစားဖိုမှူးရဲ့ ဥဘွန်းငရုတ်ကောင်းနက် ဝက်သားချောင်း၊ PPM ဂရိတ် A ဥဘွန်းဝက်သားချောင်း၊ RF တံဆိပ် ဝက်အရွတ် ဝက်သားလုံး၊ ส.โคราช ဆော်ခိုရတ်တံဆိပ် ငရုတ်ကောင်းဝက်သားချောင်း၊ K&P တံဆိပ် ငရုတ်ကောင်းကြက်သားချောင်း၊ PPM တံဆိပ် ရေဘဝဲလုံး၊ กัปตันเอส ကပ္ပတိန်အက်စ် ရေဘဝဲလုံး၊ ကပ္ပတိန်အက်စ် ဂဏန်းလုံး၊ CFP တံဆိပ် ငရုတ်ကောင်းနက် ဥဘွန်းဝက်သားချောင်း၊ မဲ့ဖလွဲဆုခ် แม่พลอยสุข ရဲ့ ဂရိတ်  A ဥဘွန်းဝက်သားချောင်း၊ ဖိမူရဲ့ PPM တံဆိပ်ဥဘွန်းဝက်သားချောင်း၊ ซุปเปอร์พอร์ค စူပါဖုဒ် ဂရိတ်  A ဝက်ဆီဖတ်ကြော် စတာတွေ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေး‌ရေးရဲတပ်ဖွဲ့ CIB၊ ပြည်သူ့ကျန်းမာရေးဌာန၊ စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေးဌာန၊ အစာနဲ့ဆေးဝါးကွပ်ကဲရေးကော်မတီ FDA စတဲ့အဖွဲမှ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ပထုန်ဌာနီခရိုင်  လမ်လုတ်ကာမြို့ရှိ အသားလုံးအသားချောင်း ထုတ်လုပ်ရေးအလုပ်ရုံတရုံကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါအလုပ်ရုံမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ၊ မှတ်ပုံတင်ခဲ့ဖူးသော်လည်း သက်တမ်းကုန်ဆုံးနေတဲ့အပြင် အစားအသောက်ထုတ်လုပ်ရေးမှာ FDA နဲ့ စံချိန်မကိုက်ညီတာ တွေ့ရှိခဲ့ပါတယ်။ 

အဆိုပါ အလုပ်ရုံကနေ စုစုပေါင်း ဘတ် ၇ သန်းကျော်တန်ဖိုးရှိ FDA တံဆိပ်မကပ်ထားတဲ့ အသားလုံး/ချောင်း အထုပ်ပေါင်း ၆, ၀၀၀၊ ရုပ်သိမ်းထားတဲ့ FDA တံဆိပ်ပါ အသားလုံး/ချောင်း အထုပ်ပေါင်း ၂,၅၀၀၊ FDA တံဆိပ် တုကပ်ထားတဲ့ ဝက်သားချောင်း အထုပ်ပေါင်း ၁,၈၀၀၊ ကုန်ကြမ်းအသား အလေးချိန် ၈၀၀ ကီလိုဂရမ်တို့ကို ထုတ်လုပ်ရေး စက်ပစ္စည်း ကိရိယာတွေနဲ့အတူ သိမ်းဆည်းရမိတယ်။

အဆိုပါ အလုပ်ရုံဖွင့်လှစ်လာတာ သက်တမ်း ၁၀ နှစ်ခန့်ရှိပြီး ၁ လကို အသားလုံး/ အသားချောင်း တန်ချိန် ၃၀ တန် ထုတ်လုပ်ကာ ထိုင်းတနိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချတယ်၊ လစဉ် ဝင်ငွေ ဘတ် ၃ သန်းရှိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

FDA အနေနဲ့   လက်လီဆိုင်၊ ဈေးဆိုင်၊ နယ်လှည့်ကားဈေးဆိုင်တွေမှာ အဆိုပါ တံဆိပ် အမျိုး ၂၀ ပါ ကန့်သတ်အစားအစာရောင်းချဖို့ ပိတ်ပင်ထားသလို စားသုံးသူတွေအနေနဲ့လည်း ပူးပေါင်းစစ်ဆေးဖို့ တိုက်တွန်းတယ်။ 

အဲဒီအစားအစာတွေ မိမိရေခဲသေတ္တာတွင်းရှိက မစားသုံးဘဲ ချက်ချင်းလွှင့်ပစ်ဖို့ မေတ္တာရပ်ခံတယ်၊ FDA စံချိန်မီ အစားအစာဖြစ်ကြောင်းကို ‘Moh Prom’ အပလီကေးရှင်း ဒါမှမဟုတ် www.fda.moph.go.th ဝက်ဘ်ဆိုက်မှ စစ်ဆေးနိုင်ပါတယ်။ စံချိန်မမီ ကုန်ပစ္စည်းလို့ သံသယရှိပါက FDA ရဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၅၆ ကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

Source -  ThaiPBS News / ထိုင်း FDA ဝက်ဘ်ဆိုက် / Workpoint News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013