DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ‌စစ်ရှောင်စခန်းက လူငယ် ပြန်လွတ်
DVB
·
March 29, 2022
ဖမ်းဆီးခံရသည့် ‌စစ်ရှောင်စခန်းက လူငယ် ပြန်လွတ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ် ကချင်နှစ်ခြင်းဘုရား‌ကျောင်းဝင်း စစ်ရှောင်စခန်းနားမှာ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဖမ်းဆီးခံရတဲ့ စစ်ရှောင်လူငယ်တဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့လူငယ်ဟာ စခန်းအပြင်သွားဖို့ ထွက်လာစဥ် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ‌ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

“သူက ဓာတ်ဆီသွားဝယ်မယ်ဆိုပြီး စစ်ရှောင်စခန်းထဲကနေ ထွက်လာတဲ့အချိန်ဖြစ်တာ။ အဲဒီအချိန်မှာ ဗုံးပေါက်ကွဲတော့၊ သူကအနားမှာရှိနေတော့ ဖမ်းခံရတာပေါ့။ လွတ်တာတော့ လွတ်လာပြီ၊ ညနေ ၅ နာရီလောက်က လွတ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းက လူငယ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ထိခိုက်ဒဏ်ရာအများအပြား ရရှိခဲ့တယ်လို့သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့အချိန် အမျိုးသမီး မီးဖွားလို့ ဆေးရုံကို ထမင်းပို့ဖို့လာတဲ့ အမျိုးသားတဦးလည်း စစ်ရှောင်စခန်းက လူငယ်နဲ့အတူဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဗန်းမော်မြို့မှာ မတ် ၂၈ ရက်နေ့က တရက်တည်း ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို လမ်းသွားလမ်းလာ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013