DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ၃ ဦးတွင် ၁ ဦးသာ အီရန်စစ်ပွဲကို ထောက်ခံဟု စစ်တမ်းထွက်ပေါ် 
DVB
·
July 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်ပြည်သူ ၃ ယောက်မှာ တယောက်နှုန်းပဲ အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ထောက်ခံတော့ တယ်လို့ ရိုက်တာသတင်းဌာနနဲ့ Ipsos သတင်းဌာနတို့ရဲ့ ပူးတွဲစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲ ၅ လအကြာမှာ ထောက်ခံမှုအနိမ့်ဆုံးစံချိန် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ စစ်ပွဲရဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားဖို့ ပျက်ကွက်ခဲ့တယ်လို့ တုံ့ပြန်ကြပါတယ်။

ဇူလိုင် ၂၄ ရက်ကနေ ၂၆ ရက်အထိ ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းအရ သမ္မတ ထရမ့်ပ်ရဲ့ အထွေထွေ လုပ်ဆောင်ချက် ထောက်ခံမှုနှုန်းဟာ ၃၇ ရာခိုင်နှုန်း ရှိနေပါတယ်။

စစ်တမ်းကို အမေရိကန်နိုင်ငံတဝန်း အရွယ်ရောက်ပြီးသူ ၁၂၄၆ ယောက်ဆီကနေ အွန်လိုင်းက တဆင့် ကောက်ယူခဲ့တာဖြစ်ပြီး အမှားအယွင်း အလားအလာ ၃ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း စတင်ခဲ့တဲ့ ဒီစစ်ပွဲကြောင့် လက်ရှိအချိန်အထိ အမေရိကန် စစ်သည် ၁၈ ယောက် သေဆုံးထားပါတယ်။

ဒါ့ပြင် စစ်ပွဲကြောင့် အမေရိကန်မှာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ဓာတ်ဆီတဂါလန်ကို အမေရိကန်ဒေါ်လာ ၄ ဒေါ်လာကျော်အထိ ရောက်ရှိနေတာပါ။

နိုဝင်ဘာလ သမ္မတသက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ ဒီစစ်ပွဲရလဒ်တွေဟာ ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်ပါတီအပေါ်  ဖိအားဖြစ်လာခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီးယား ဝေးလ်စ် ကတော့ မတည်ငြိမ်တဲ့ စစ်တမ်းတွေအပေါ် မူတည်ပြီး သမ္မတ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အီရန်နိုင်ငံ နျူကလီးယားလက်နက် မရရှိရေးနဲ့ ပြည်သူတွေ ဘေးကင်းရေးကို သမ္မတ ထရမ့်ပ် အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း အိမ်ဖြူတော်က တုံ့ပြန်ထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013