DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး အဖမ်းခံရ
DVB
·
March 27, 2022
တောင်ကြီးတွင် DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး အဖမ်းခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ချမ်းမြရပ်ကွက် နေအိမ်တအိမ်မှာ မတ်လ ၂၆ ရက်နေ့ မနက်အစောပိုင်းက DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမ အပါအဝင် အမျိုးသမီး ၈ ဦးကို ရဲအင်အား အများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဖော်ပြထားတဲ့ DNNA ကိုယ်ပိုင်ကျောင်းအုပ်ဆရာမ ဒေါ်နွဲ့နွဲ့အေးအပါအဝင် အမျိုးသမီး ၈ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ ဆိုတဲ့သတင်းကြောင့် အခုလို ဝင်ရောက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့ည ၁၁ နာရီလောက်မှာ ပြည်တော်သာရပ်၊ ခွာညိုလမ်း နဲ့ သဇင်လမ်းရှိ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့နဲ့ အိမ်ချင်းကပ် တူမဖြစ်သူတို့ နေအိမ်တွေကို ရဲအင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မတွေ့တာကြောင့် အနီးနားနေအိမ်တွေလည်း ဝင်ရောက်ရှာဖွေကာ ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဒီနောက် မတ် ၂၆ ရက်နေ့ မနက် ၂ နာရီလောက် ချမ်းမြရပ်ကွက် နေအိမ်တအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တောင်ကြီး အမှတ်  ၁ ရဲစခန်းအချုပ်အတွင်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှာ မတ်လ နောက်ဆုံးတပတ်အတွင်း လူအယောက် ၄၀ လောက် ဖမ်းဆီးခံထားရကာ အများစုမှာအမျိုးသမီးများဖြစ်ပြီး အသက်မပြည့်သေးသူတွေလည်း ပါဝင်တယ်လို့ တောင်ကြီး နွေဦးချန်နယ်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က မသက်ဆိုင်တဲ့ပြည်သူတွေကို စိတ်ကူးပေါက်သလို ဖမ်းဆီးနေတာကြောင့် တောင်ကြီးမြို့က လူငယ်တွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုအသီးသီးက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013