DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို PDF တပ်က ဝင်ရောက်တိုက်ခိုက်
DVB
·
March 26, 2022
ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့်  ထွေအုပ်ရုံးကို PDF တပ်က  ဝင်ရောက်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ပုလဲပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက  မတ်လ ၂၅ ရက်  ည ၁၀ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်လောက် သေဆုံးသွားတယ်လို့  ဒေသခံပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပုလဲမြို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူ ကိုဖိုးသားက “ကျနော်တို့ မနေ့က ပုလဲရဲစခန်းနဲ့ ထွေအုပ်ရုံးကို အဝေးပစ်လက်လုပ်ရှော့ တိုက်လက်နက်ကြီးတွေနဲ့ရော၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်ခင်ဗျ။  ထွေအုပ်ရုံးကတော့ အဆောက်အဦ ပျက်စီးရုံတင်ပါပဲ။ ရဲစခန်းကတော့ ရဲ ၄ ဦးသေတယ်လို့ သတင်းအတိကျ ရထားတယ်ဗျ” လို့ပြောပါတယ်။ 

ရဲစခန်းကနေ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့  ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်တွေဘက်က အကျအဆုံး မရှိခဲ့ဖူးလို့ လည်း ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ကျားသစ်နက်‌ပြောက်ကျားတပ်ရင်းက ဦးဆောင်ကာ ကျားသစ်နက်ရဲ့တပ်ခွဲ ၆နဲ့ တပ်ခွဲ၈၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ ၊ Future GZအဖွဲ့၊ Evener ပြောက်ကျားအဖွဲ့ ၊ ပုလဲဂျော်ကာအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့မှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို အတိုက်ခိုက်ခံရတာ ဒီတကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013