DVB Logo
Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်၌ ခမရ- ၄၂၈ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်
DVB
·
March 26, 2022
ဖရူဆိုမြို့နယ်၌  ခမရ- ၄၂၈ တပ်စခန်းကို   ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ အခြေစိုက်တဲ့ ခမရ- ၄၂၈ တပ်စခန်းကို  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  မတ် ၂၆ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်က  ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF-Hpruso)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF BO -4)တို့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ (PDF-Hpruso) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်ချိန်ဟာ တစ်နာရီကျော်ကြာခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့ကာ PDF- Hprusoနဲ့ တခြားမဟာမိတ်အဖွဲ့ တွေမှာ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူ အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေ ကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူကာ  ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သားနေအိမ်‌တွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို ဖောက်ထွင်းဝင်ရောက်ကာ မီးရှိုးဖျက်ဆီးတာတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013