DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် စားသုံးဆီဈေးအနည်းငယ်ပြန်ကျ
DVB
·
March 26, 2022
ရေးမြို့နယ်တွင်  စားသုံးဆီဈေးအနည်းငယ်ပြန်ကျ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆီဈေးတွေ အဆမတန် မြင့်တက်ရာကနေ အနည်းငယ် ပြန်လည်ကျဆင်းလာနေပေမဲ့ လက်လီစျေးကွက်ထဲမှာတော့ စားသုံးသူတွေဟာ ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့  အိမ်ရှင်မတဦးက ပြောပါတယ်။

စားသုံးဆီဈေးတွေထဲမှ ထိုင်း ပုစွန်ဆီ ၁ ပါကင်ကို ကျပ် ၅၀၀၀၀ ကျော်ကနေ အခု ကျပ် ၄၀၀၀၀ နီးပါး၊ ၁ ပါကင် ဆို ကျပ် ၁၀၀၀၀ လောက်အထိ ပြန်လည်ကျဆင်းလာပေမဲ့ ဈေးဆိုင်တွေမှာ ဈေးက ပြန်မကျသေးဘဲ တက်တဲ့ဈေးနဲ့သာ ရောင်းချနေတော့ ဈေးကြီး ပေးဝယ်ယူနေရတုန်းပဲလို့ စားသုံးဆီ ဖြန့်ဖြူးရောင်းချနေသူတွေဆီက သိရပါတယ်။

ဈေးသည်တဦးက“အခုလက်ရှိအခြေနေမှာ အတာသင်္ကြန်ကာလနီးကပ်လာတာနဲ့အမျှ အရောင်းအဝယ်ကောင်းမယ့် ကာလ ဖြစ်နေပေမဲ့  အရောင်းအဝယ်က ထင်သလို မကောင်းကြဘူး။ ကုန်စျေးနှုန်းကြီးမြင့်တာရယ် လူတွေ အလုပ်တွေက ကိုဗစ်ကာလကတည်းက အဆင်မပြေကြတော့ ပုံမှန်ဝင်ငွေမရှိကြတဲ့ လက်လုပ်လက်စားတွေမှာ မဝယ်စားနိုင်တဲ့ အခြေအနေမှာ ကြုံရတယ်”လို့ ပြောပါတယ်။

ရေးမြို့နယ်အတွင်း အခြေခံလက်လုပ်လက်စားတွေ တယ်ယူစားသုံးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်ဆီတွေကတော့ စျေးကွက်ထဲမှာ  ဆီ တထုပ်ကို နယ်အစွန်းဖျားဒေသတွေမှာ ကျပ် ၅၀၀၀ အထိ ဈေးပေးဝယ်ရပါတယ်။

လက်ကားရောင်းဝယ်ဖြန်ဖြူးတဲ့ ဈေးနှုန်းကတော့ ဆီတထုတ်ကို  အခု ကျပ် ၃၆၀၀ ကျပ်အထိဈေးရှိပြီး တဆင့် ပြန်လည်ရောင်းချတဲ့သူတွေတော့  ကျပ် ၃၇၀၀ ကနေ နယ်ကျေးရွာဘက်တွေမှာ ကျပ် ၄၂၀၀ အထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ အခြေခံစားသောက်ကုန်တွေ စံချိန်တင်ဈေးမြင့်တက်သွားခဲ့ပြီး ယနေ့အထိစားသုံးဆီစျေးတွေသာ အနည်းကျဉ်း ပြန်လည်ကျဆင်းလာနေပေမဲ့ ဆန်နဲ့ တခြားလူသုံးကုန်တွေမှာ ဈေးတွေ ပြန်လည်ကျဆင်းလာတာမရှိသလို စစ်ကောင်စီဘက်ကလည်း ကုန်စျေးနှုန်းကြီးမြင့်နေတဲ့အပေါ်မှာ ကိုင်တွယ်ဖြေရှင်းတဲ့ အရိပ်ယောင်တောင် မမြင်ရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံလူတန်းစားတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာ နဲ့အမျှ ပုံမှန်ဝင်ငွေမရှိကြတဲ့အခါ မလိုလားအပ်တဲ့ မှုခင်း ပြဿနာတွေ တနေ့တခြား ပိုများလာသလို စားဝတ်နေရေးမှာလည်း ပိုပြီးခက်ခဲလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013