DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်
DVB
·
September 14, 2026
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်
Donate to DVB

ဧရာဝတီတိုင်းက စားအုန်းဆီ ပြင်ပဈေးကွက်မှာ တပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိ ဈေးတက်လာတာကြောင့် စားသုံးသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပြင်ပစားအုန်းဆီဈေးကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်က စားအုန်းဆီ တပိဿာကို ငွေကျပ် ၁၁,၀၀၀၊ ဩဂုတ်လ ဒုတိယအပတ်မှာ တပိဿာကို ငွေကျပ် ၁၅,၀၀၀ နဲ့ ဩဂုတ်လ တတိယအပတ်ကနေ စက်တင်ဘာ ၁၃ ရက်အထိ တပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိ တဖြည်းဖြည်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက အရပ်သားတယောက်က “ဈေးကတော့ အတက်ကြီးပဲ။ စက်သုံးဆီအပြင် စားဆီပါ ဈေးထပ်တက်လာတယ်။ ရည်ညွှန်းဈေးနဲ့ ဝယ်မရပါဘူး။ ဘယ်ဆိုင်ဝယ်ဝယ် ဈေးက ညှိထားသလိုပဲ။ အခုလောက်ကြီးတော့ မလွယ်ဘူး။ ထပ်တက်ဖို့တောင် ရှိတယ်လို့ ဈေးကွက်ထဲက ပြောနေတယ်” လို့ ပြောပါတယ်။

စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေနဲ့ ဩဂုတ်လအတွင်း စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ တပိဿာ ၇,၀၀၀ ကျော်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ဈေးနဲ့ တကယ်မြေပြင်မှာ ဝယ်မရတာဟာ စားအုန်းဆီ သယ်ယူစရိတ် ကုန်ကျမှုတွေ များလာတာကြောင့်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စားဆီ အဝင်နည်းနေတာနဲ့ လက်ကျန်ဆီ နည်းနေတာကြောင့် စားအုန်းဆီဈေး ခုန်တက်သွားတာလို့ သိရပါတယ်။ စက်သုံးဆီ အခက်အခဲကြောင့်လည်း ကုန်စည်သယ်ယူရေးလုပ်ငန်းတွေမှာ ထိခိုက်နေတယ်။ ကုန်ကျစရိတ်တွေ များနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စားအုန်းဆီဈေး တက်လာတဲ့အပြင် ပဲဆီ၊ နှမ်းဆီနဲ့ ဟင်းသီးဟင်းရွက်ဆီတွေပါ ဈေးတက်လာပြီး စက်သုံးဆီအခက်အခဲကြောင့် ကုန်စည်သယ်ယူရေးလုပ်ငန်းတွေ ထိခိုက်လာတာကြောင့် စားသောက်ကုန်ဈေးတွေ ထပ်မံတက်လာနိုင်တယ်လို့ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း စားသောက်ကုန်ရောင်းဝယ်ရေး ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တပိဿာကို ၂,၅၀၀ ကနေ ၃,၅၀၀ ကျပ်အထိသာ အမြင့်ဆုံးရှိခဲ့ပြီး လတ်တလောမှာ ကြက်သွန်နီ တပိဿာကို (သန့်) ၁၀,၀၀၀ ကျပ်နဲ့ ကြက်သွန်နီ (ရောရာ) တပိဿာကို ၇,၀၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013