DVB Logo
Home
မြန်မာသတင်း
ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌကို ထောင်ဒဏ် ၂ နှစ်ချသည့်အပေါ် UNA ကန့်ကွက်
DVB
·
March 26, 2022
ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌကို ထောင်ဒဏ် ၂ နှစ်ချသည့်အပေါ် UNA ကန့်ကွက်
Donate to DVB

ကချင်အမျိုးသားကွန်ဂရက် ပါတီ(KNC) ဥက္ကဋ္ဌကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ချမှတ်တာဟာ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ ကျရှုံးတာရဲ့ ပြယုဂ်ဖြစ်တယ်လို့ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့က ကြေညာပါတယ်။

စစ်ကောင်စီရဲ့ တရားစီရင်တာဟာ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုတို့ ကျရှုံးတာရဲ့ ပြယုဂ်ဖြစ်ပြီး ဒေါက်တာ အမ်ကောန်လမှာ အပြစ်မရှိလို့ ယူဆတာကြောင့် ဒီပြစ်ဒဏ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ UNA က ဆိုပါတယ်။

ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၁ ခုနှစ် သြဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်က နေပြည်တော်ရှိ သူ့ရဲ့နေအိမ်မှာ  ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၇ လအကြာ မတ်လ ၂၃ ရက်နေ့မှာ ဒေါက်တာအမ်ကောန်လကို    နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အရ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာပါ။

သူ့ကို ဖမ်းဆီးပြီး ၂ ပတ်ကြာအထိနေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ပြီး ဘယ်သူနဲ့မှာ တွေ့ဆုံပြောဆိုခွင့်မရဘူးလို့ ပါတီက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒေါက်တာ အမ်ကောန်လဟာ လူမှုရေးကွန်ရက် စာမျက်နှာမှာ နိုင်ငံရေး ဆောင်းပါးတွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေကို ရေးသားပြီး နိုင်ငံရေး အသိပညာဖြန့်ဝေတာ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာလည်း  သူ့ရဲ့ နိုင်ငံရေး အတွေအမြင်တွေကို အများပြည်သူ သိနားလည်နိုင်စေဖို့ ရဲရဲတင်းတင်း ဝေဖန်ထောက်ပြခဲ့တာတွေကြောင့် ဖမ်းခံရတာဖြစ်နိုင်တယ်လို့ ပါတီက သုံးသပ်ထားသလို စစ်ကောင်စီဘက် ဖိတ်ခေါ်တာ၊ အစည်းအဝေးတက်ဖို့ ဖိတ်ကြားတာကို KNC ပါတီ ခေါင်းဆောင် တယောက်အနေနဲ့ အကြိမ်ကြိမ်အခါခါ ငြင်းဆန်ပယ်ချခဲ့တာကလည်း ဖမ်းဆီးခံရဖို့ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

KNC ပါတီဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအဝေးဖိတ်ခေါ်မှုတွေကို မတက်ရောက်ဘဲ ငြင်းဆန်ထားတဲ့ပါတီတွေထဲမှာ တခုအပါအဝင်  ဖြစ်ပါတယ်။

ဒေါက်တာအမ်ကောန်လဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီတချို့က ပါတီဝင်တွေနဲ့ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013