Home
မြန်မာသတင်း
သထုံမြို့တွင် ညဘက် အပြင်မထွက်ကြရန် PDF မေတ္တာရပ်ခံ
DVB
·
March 25, 2022
276166535_1840350989629161_6193776544309483917_n

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တော်လှန်ရေး အရှိန်အဟုန် မြှင့်သွားမှာဖြစ်လို့ မတ်လ ၂၅ ရက် ည ၈ နာရီနောက်ပိုင်း ပြည်သူတွေ နေအိမ်အပြင်မထွက်ကြဖို့ မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) က မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ညပိုင်းအချိန်တွေမှာ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေကြားရင် အပြင်ထွက်ကြည့်တာတွေ လုံးဝမလုပ်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အန္တရာယ်အတွက် ရှောင်ရှားပေးကြဖို့ တိုက်တွန်းထားပါတယ်။

MTHSF တာဝန်ခံ စောကတုံးကတော့ တော်လှန်ရေး အရှိန်အဟုန် မြှင့်သွားဖို့ လိုအပ်တာတွေ ပြင်ဆင်ထားပြီး ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့(MTHSF) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ရဲစခန်းတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏ မိုင်းထောင်ဖောက်ခွဲတာတွေ ဆက်တိုက် လုပ်ဆောင်ထားသလို စစ်ကောင်စီ သတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း သုတ်သင်တာတွေ လုပ်ဆောင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024