DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀၊ ဖမ်းဆီးခံရသူ ၁၂၉၀၀ ကျော်ရှိလာ
DVB
·
March 24, 2022
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀၊ ဖမ်းဆီးခံရသူ ၁၂၉၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၇၀၀ နဲ့ ဖမ်းဆီးခံရသူပေါင်း ၁၂,၉၁၃ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၃ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၈၇၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၆၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

မတ်၂၀ ရက်မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ မြို့ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းချိန်မှာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အားမာန်ပရဟိတအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ကိုသန့်စင်အောင် (ခ) ပြောင်ကြီးဟာ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ ကိုသန့်စင်အောင် (ခ) ပြောင်ကြီးဟာ ခြေထောက်နဲ့ ဦးခေါင်းတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မတ် ၁၈ ရက်ကတော့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာအနီးက ကားဝပ်ရှော့တစ်ခုမှာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO)ရဲ့ အဖွဲ့ဝင်တွေ မော်တော်ယာဉ်ပြုပြင်နေချိန် အရပ်ဝတ်နဲ့ စစ်သားတွေ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် ရေးမြို့ အဏ္ဏဝါရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ခိုင်ကျော်လင်းထွန်း ကျဆုံးသွားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသူ တယောက်ဖြစ်တဲ့ ကိုအောင်ခန့်ဟိန်းဟာလည်း သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုအောင်ခန့်ဟိန်းဟာ ဆေးကုသခွင့်မရဘဲ မတ် ၂၀ ရက် ညအချိန်က စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013