DVB Logo
Home
မြန်မာသတင်း
မင်းလှ PDF တပ်ဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ ဆက်နွှယ်သူ ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး
DVB
·
March 23, 2022
မင်းလှ PDF တပ်ဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ ဆက်နွှယ်သူ ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်က PDF တဦး ခိုလှုံနေတယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီတပ်က နေအိမ်ထဲအထိ သေနတ်နဲ့ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ  မင်းလှ  MH.PDF တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားပါတယ်။

ဇီးကုန်း PDF တပ်ဖွဲ့ဝင်လူငယ်တဦးဟာ သူ့အစ်ကိုရှိတဲ့ မင်းလှ PDF (MH.PDF) အဖွဲ့ထံလာရောက်စဉ်  လမ်းပြအဖြစ် လိုက်ပို့တဲ့ အမျိုးသမီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အဖမ်းခံလိုက်ရပြီး သူရဲ့ သတင်းပေးမှုကြောင့် မင်းလှ PDF တပ်ဖွဲ့ဝင် ကိုမင်းအောင် (ခ) ကိုတူးတူး ခေတ္တနေထိုင်တဲ့ အုန်းပင်ပေါက်ကျေးရွာအုပ်စု ကညင်ပင်ရွာ နေအိမ်ကို ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကိုမင်းအောင် သေဆုံးသွားသလို နေအိမ်မှာတွေ့တဲ့ လက်နက်တွေနဲ့ လက်ကိုင်ဖုန်းတချို့လည်း သိမ်းဆည်းခံခဲ့ရပါတယ်။

လမ်းပြအမျိုးသမီးကို ဇီးကုန်းရဲစခန်းမှာ ရိုက်နှက်စစ်ဆေးတာကြောင့် ကိုမင်းအောင်ရှိတဲ့ နေရာကို သိရှိသွားပြီး အဲ့ဒီကမှတဆင့် ဝင်းတဝင်းထဲရှိ နောက်အိမ်တလုံးက အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်သိန်းဌေးနဲ့ အနီးအနား သံပုရာခြံက အမျိုးသားတဦးတို့ကိုပါ ဖမ်းဆီးလိုက်ကာ သူတို့ ၃ ဦးကို အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ MH.PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် အဖမ်းခံရသူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး သူတို့နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ နောက်ထပ် လူ အယောက်  ၅၀ လောက်ကို ခေါ်ယူစစ်ဆေးနေတာကြောင့် ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း ဇီးကုန်းမြို့နယ်မှာ နေထိုင်တဲ့ နတ်တလင်း PDF ဒုတပ်ခွဲမှူး မျိုးဝင်းဆိုသူဟာ ဇီးကုန်းရဲစခန်းမှာ လက်နက်ချပြီးနောက် ဇီးကုန်း၊ နတ်တလင်း၊ မင်းလှတို့က ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေ စီးနင်းခံခဲ့ရပါတယ်။

ဒါ့အပြင် PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဇီးကုန်းမြို့က ရဟန်းသံဃာတွေ အပါအဝင် ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို မင်းလှမြို့နယ်မှာလည်း MH.PDF နဲ့ ပတ်သက်တယ်လို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013