DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း နေရပ်စွန့်ထွက်ပြေးရသူ ၈၉၀,၀၀၀ ခန့်ရှိ၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးက အများဆုံးဖြစ်
DVB
·
March 23, 2022
နိုင်ငံတဝန်း နေရပ်စွန့်ထွက်ပြေးရသူ ၈၉၀,၀၀၀ ခန့်ရှိ၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးက အများဆုံးဖြစ်
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မတိုင်ခင်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃ သိန်း ၇ သောင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၅၀၂,၆၀၀ အပါအဝင် စုစုပေါင်းလူဦးရေ ၈၈၉,၉၀၀ ယောက်ထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ အရပ်သားပိုင် ပစ္စည်းတွေ ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မတ် ၁၄ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၂၇၂,၉၀၀ ယောက်ရှိနေပြီး အဆိုပါ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေရသူ ဦးရေမှာလည်း ၃၁,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက အိမ်အလုံးပေါင်း ၄,၆၀၀၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အရပ်သားပိုင် ပစ္စည်းများစွာဟာလည်း မီးရှို့ဖျက်ဆီးခံနေရပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013