DVB Logo
Home
မြန်မာသတင်း
သေဆုံးစစ်ဗိုလ်များ၏ ပခုံးကြယ်ပွင့်များဖြင့် ဒီဇိုင်းဆင်ထားသည့်ဖိနပ် ကန်ဒေါ်လာ ၁၈၅၀၀ ဖြင့် လေလံအောင်
DVB
·
March 23, 2022
သေဆုံးစစ်ဗိုလ်များ၏ ပခုံးကြယ်ပွင့်များဖြင့် ဒီဇိုင်းဆင်ထားသည့်ဖိနပ် ကန်ဒေါ်လာ ၁၈၅၀၀ ဖြင့် လေလံအောင်
Donate to DVB

တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်က စစ်ဗိုလ်တွေရဲ့ ပခုံးပေါ်က ကြယ်ပွင့်တွေနဲ့ PDF လူငယ်တယောက်က ဒီဇိုင်းဆင်ဖန်တီးထားတဲ့ ဖိနပ်တရန်ကို အွန်လိုင်းကနေ လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၈,၅၀၀ နဲ့ အမြင့်ဆုံးလေလံအောင်သွားခဲ့တယ်လို့ သိရပါတယ်။

လေလံပွဲစီစဉ်သူက “အကောင့်တုပေါင်းစုံနဲ့ ဝိုင်းဝန်းနှောင့်ယှက်နေတဲ့ကြားက အကောင်းဆုံး ဖြတ်ကျော်ဖန်တီးနိုင်ခဲ့ပါတယ်။ လေလံဝင်ဆွဲပေးကြသူ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စစ်ခွေးတွေ ပခုံးပေါ်က တန်ဖိုး မရှိတဲ့ အစိတွေဟာ ဖိနပ်လို နေရာမှန်ကို ရောက်တဲ့အခါ ပြည်သူရဲ့ အမုန်းတရားနဲ့ ပေါင်းစပ်ပြီး $18500 တန်ဖိုးရှိ PDF ဖိနပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ”လို့ ပြောပါတယ်။

ဒီလေလံပွဲကို ပန်ဆယ်လိုက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ မတ် ၂၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လေလံပွဲစတင်ချိန် နာရီပိုင်းအတွင်းမှာတင် ဒေါ်လာထောင်သောင်းချီပေးသူတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို တိုက်ထုတ်မယ့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကို ထောက်ပံ့ချင်သူတွေအနေနဲ့ ဒီဖိနပ်ကို လေလံဆွဲဖို့ ပန်ဆယ်လိုရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဖိတ်ခေါ်ပြီး လေလံပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013