Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် စစ်ရှောင်အမျိုးသား ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
March 22, 2022
276243182_3058903047757931_334473398480390468_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ရှောင်အမျိုးသား အယောက် ၃၀ ကျော်ကို စစ်ကောင်စီတပ်တွေက မတ် ၂၁ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ 

“ညနေ ၃ နာရီလောက် ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ လေးရွာတွေကို စစ်ကောင်စီတပ်တွေ အယောက် ၁၀၀ လောက် ဝင်လာတာကြောင့် ရွာသားတွေ ထွက်ပြေးကြရင်း အဖမ်းခံရတယ်။ အမျိုးသား ၃၀ ကျော် အဖမ်းခံလိုက်ရတယ်။ အမျိုးသမီးတွေတော့ ဖမ်းဆီးတာ မရှိဘူး။ တိုက်ပွဲဖြစ်တာ မရှိဘူး။ စစ်ကြောင်းဝင်လာလို့ မိသားစုလိုက် ထွက်ပြေးကြရင်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်” လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေး မြောက်ယမား ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ရှောင် ၃၀ ကျော်အား ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။ 

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ အထိနာနေတာကြောင့် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေယူတာ၊ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီးပြီး ပစ်သတ်တာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီးနောက် အကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024