DVB Logo
Home
မြန်မာသတင်း
စားသုံးဆီဖူလုံပိုလျှံ ပြည်ပတင်ပို့နိုင်ရေး နေကြာတိုးချဲ့စိုက်ပျိုးရန် စီစဥ်
DVB
·
March 21, 2022
စားသုံးဆီဖူလုံပိုလျှံ  ပြည်ပတင်ပို့နိုင်ရေး နေကြာတိုးချဲ့စိုက်ပျိုးရန် စီစဥ်
Donate to DVB

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အတွက် လာမယ့်စိုက်ပျိုးရာသီကစတင်ပြီး နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးသွားဖို့ အာဏာသိမ်းစစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း၀န်ကြီးဌာနက စီစဥ်နေပါတယ်။

အဲဒီတိုးချဲ့စိုက်ပျိုးမယ့် နေကြာသီးနှံအတွက် လိုအပ်တဲ့မျိုး ရရှိရေး၊ နည်းပညာနဲ့ တခြား သက်သာခွင့်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့ ဌာနကဆိုထားပြီး ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံဖို့သာမကဘဲ စားသုံးဆီအဓိက ထုတ်လုပ်တင်ပို့တဲ့နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မိုးနေကြာနဲ့ ဆောင်းနေကြာ စုစုပေါင်း စပ်မျိုး နေကြာစိုက် ဧရိယာ ဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတာပါ။ အဲဒီအတွက် တိုင်းဒေသကြီး ပြည်နယ်တွေအလိုက် နေကြာအထူးဇုန်တွေ ထူထောင်ခြင်း၊ သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းတို့ကို  ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မျိုးစေ့ထုတ်လုပ်ရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ရေး၊ ခေတ်မီ ဆီစက်လုပ်ငန်းတွေ ထူထောင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ကြဖို့ ဆီစက်လုပ်ငန်းရှင်တွေကို ဌာနက တိုက်တွန်းထားပြီး ဖွဲနု၊ ဝါစေ့နဲ့ ပဲပုပ်တို့ကနေ ဆီထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံမူ တိုးချဲ့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ နေကြာစိုက်ဧက ၆ သိန်းခန့်၊ မြေပဲစိုက်ဧက ၂၈ သိန်းကျော်၊ နှမ်းစိုက်ဧက  ၃၇ သိန်းကျော် အပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးဧရိယာ ဧကစုစုပေါင်း ၇၆ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ 

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်က တစ်နှစ်ကို တန်ချိန် ၁၃ သိန်းကျော် ရှိပြီး၊ ပြည်တွင်း ထုတ်လုပ်နိုင်မှုက တန်ချိန် ၄ သိန်း၀န်းကျင်သာ ရှိတာကြောင့် နှစ်စဥ် တန်ချိန် ၈ သိန်းကနေ ၁ သန်းကြား  ပြည်ပကနေ တင်သွင်းနေရတာပါ။

နိုင်ငံတကာ စားအုန်းဆီစျေး၊ ဒေါ်လာငွေစျေးနဲ့ သယ်ယူစရိတ်တွေ မြင့်တက်နေတာကြောင့်   ပြီးခဲ့တဲ့တပတ်က  စားအုန်းဆီစျေး ၁ ပိဿာကို ကျပ် ၈၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ အခြား မြေပဲဆီ၊ နှမ်းဆီ စျေးနှုန်းတွေလည်း မကြုံစဖူး အမြင့်ဆုံးစျေးကို ရောက်ရှိလာခဲ့ပါတယ်။

ဒီတပတ်မှာတော့ စျေးကွက်အတွင်း စားအုန်းဆီ အ၀င်များလာလို့ ၁ ပိဿာကို ကျပ် ၇၀၀၀ ၀န်းကျင်ကို ပြန်လည်ကျဆင်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013