DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် ငပယင်းကျေးရွာ၌ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
March 19, 2022
ဘုတလင်မြို့နယ် ငပယင်းကျေးရွာ၌  စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်တပ်က ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာကို  စစ်ကောင်စီတပ်က မတ်လ ၁၉ ရက် ဒီနေ့မနက်အစောပိုင်း ၄ နာရီကျော်လောက်က  ဝင်ရောက်ပစ်ခတ်ခဲ့လို့  စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦး သေဆုံးသွားပါတယ်။

“သေတဲ့သူက ငပြားလို့ခေါ်တယ်ဗျ။ အသက်က ၂၈ နှစ်ဝန်းကျင်လောက်ရှိလိမ့်မယ်။ ဘယ်လိုပစ်သတ်သွားတာလဲဆိုတော့ ဘယ်ဘက်ရင်အုံကနေတေ့ပြီး ညာဘက်ချိုင်းအောက်ကနေ ကျည်ထွက်သွားတယ်။ ပြောရရင်တော့ သေတဲ့သူက အရက်ကြောင်နေတဲ့သူပါ။ သူအရက်သောက်သွားရင်း စစ်ခွေးတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတယ်”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။ 

ဒါ့ပြင် ရွာမှာရပ်ထားတဲ့  မော်တော်ဆိုင်ကယ်သုံးစီးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး သွားတယ်လို့  ရွာသားတွေက ပြောပါတယ်။ 

အဲဒီစစ်သားတွေဟာ နမခတပ်‌ရင်းကလာတဲ့ တပ်သားတွေဖြစ်ကြပြီး  ကားနှစ်စီးနဲ့ ငပယင်းကျေးရွာကို လာရောက်ပစ်ခတ်တာလို့ သိရပါတယ်။

မတ်လ ၁၈ ရက် မနက်ကတော့  ဘုတလင်မြို့ပေါ် အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013