DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့၌ အသတ်ခံရသည့် လွိုင်ကော်မြို့သား ၁ ဦးအတွက် အမှန်တရားဖော်ထုတ်ပေးရန် မိသားစုတောင်းဆို
DVB
·
March 19, 2022
ဝက်လက်မြို့၌ အသတ်ခံရသည့် လွိုင်ကော်မြို့သား ၁ ဦးအတွက် အမှန်တရားဖော်ထုတ်ပေးရန် မိသားစုတောင်းဆို
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာနေထိုင်တဲ့ ကို‌ဇော်နောင်နောင်ဦးဟာ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စပါးရိတ်စက်အငှားလိုက်တဲ့ အလုပ်ကို လုပ်ကိုင်နေရင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်စဉ်ကို အမှုမှန်ဖော်ထုတ်ပေးဖို့ ကာယကံရှင်မိသားစုဝင်တွေက လိုလားနေကြပါတယ်။

"ကျမ အမျိုးသားက လွိုင်ကော်ကနေစစ်ဘေးရှောင်နေရင်း ဝက်လက်မြို့နယ်၊ ရွာသာကြီးမှာ စပါးရိတ်စက်အငှားလိုက်အလုပ်လုပ်နေတုန်း အသတ်ခံလိုက်ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အမှန်တရားပေါ် ပေါက်စေချင်တယ်။ ကျမအမျိုးသားက အသောက်အစားမရှိ အလုပ်ကြိုးစားတဲ့ လူရိုးလူကောင်းတစ်ယောက်ပါ။မိသားစုကို ရိုးရိုးသားသား ရှာဖွေကျွေး မွေးနေတဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အသတ်ခံရတာဟာ ကျမတို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ"လို့ ကျန်ရစ်သူအမျိုးသမီးက ပြောပါတယ်။

သေဆုံးသူ ကိုဇော်နောင်နောင်ဦးဟာ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာက ဦးဘိုဘိုဟန်နေအိမ်မှာတည်ခိုးနေထိုင်ကာ စပါးရိတ်စက်အငှားလိုက်လုပ်ငန်းကို လုပ် ကိုင်နေတာဖြစ်ပြီး သူအသတ်ခံရတဲ့ နေရာကတော့ ရွာသာကြီးနဲ့ မိုင် ၃၀ ကျော်ဝေးကွာတဲ့ ပဒူခခကျေးရွာအနီးမှာ သတ်ဖြတ်ခံရတာဖြစ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

"ကျမအမျိုးသားက ရွာသာကြီးက ကိုဘိုဘိုဟန်အိမ်မှာနေပြီး စပါးရိတ်စက်အငှားလိုက်တယ်။ သူအသတ်မခံရခင် မနက်ပိုင်းက ဖုန်းဆက်လာပြီး စပါးရိတ်သိမ်းခတွေ သွားတောင်းနေလို့ ဆိုင်ကယ်စီးနေတယ်လို့ပြောတယ်။ အဲ့ဒီနေ့ကတည်းက အဆက်အသွယ်မရတော့တာပဲ။ သူပျောက်နေတဲ့ အကြောင်းကို ဝက်လက်မီဒီယာတစ်ခုမှာ ပုံနဲ့တကွတင်လိုက်မှ ဗဒူခခရွာနားမှာ ဓါးဒဏ်ရာတွေနဲ့ သေနေတဲ့ ရုပ်အလောင်းတွေ့တယ်ဆိုပြီး ဆက်သွယ်လာမှ အလောင်းကို သွားယူရတယ်"လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းကို အမှုဖွင့်တိုင်ကြားထားပေမယ့် လက်ရှိအချိန်ထိ ဘာမှထူးခြားလာတာမရှိတာကြောင့် အမှုမှန်ပေါ်ပေါက်ဖို့ နစ်နာသူရဲ့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013