DVB Logo
Home
မြန်မာသတင်း
BGF တပ်သား ၁ ဦး ကေအန်ယူထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်
DVB
·
March 18, 2022
BGF တပ်သား ၁ ဦး ကေအန်ယူထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ  နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သား ၁ ဦး ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ မတ် ၁၇ ရက်က အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီကနေ့ မတ် ၁၈ ရက်မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သားအဆင့်ရှိတဲ့ စောမော်ဝါးဟာ M-16 AR ၁ လက်၊ ကျည်ကပ် ၃ ခု၊ ကျည်ဆံ ၃၀၀ တောင့်နဲ့အတူ တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ ၊ တပ်ခွဲ ၃ ကို လာရောက် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ အထက်အရာရှိတွေက  အမိန့်ပေးစေခိုင်းပြီး ကရင်လူမျိုးအချင်းချင်းကို ပြည်လည်တိုက်ခိုက်တာ၊ အ​ပြစ်မဲ့ပြည်သူတွေကို လူစိတ်ကင်းမဲ့ပြီး သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းတာတွေကို မိုက်ရူးရဲဆန်ဆန်မပြုလုပ်လိုတော့လို့ တပ်သားစော်မော်ဝါးက အခုလို အလင်းဝင်ရောက်လာရတာလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013