
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့ကို ဇူလိုင် ၁၉ ရက် အာဇာနည်တွေမှာ စစ်အာဏာရှင်တပ်က ဗုံးအလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက်ပိုင်းကစလို့ မြောင်နယ်နဲ့ ချောင်းဦးနယ်စပ် ငမြောင်တောင်ရွာဝန်းကျင်နဲ့ မင်းခေါင်ရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၄ စင်းနဲ့ ၅ ကြိမ်၊ Y12 နဲ့ ၁၁ ကြိမ်၊ ဗုံးသီးပေါင်း ၆၀ ကျော်ကို ကြဲချ တိုက်ခိုက်သွားတာလို့ ဆိုပါတယ် ။
ဒေသခံတယောက်က “ရော့ကတ်နဲ့လည်း ဂျက်ဖိုက်တာကနေ ပစ်သွားသေးတယ်။ တိုက်ပွဲလည်း မရှိဘူး။ ကြားတာကတော့ တော်လှန်ရေးတပ်ရဲ့ စခန်းဟောင်းနေရာလို့ သိရပါတယ်။ လူထိခိုက်တာလည်းမရှိပါဘူး” လို့ DVB ကိုပြောပါတယ်။
စစ်တပ်ဟာ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာအရှေ့ဘက်နဲ့ ချောင်းဦးမြို့နယ် မင်းတည်၊ မကျီးခွကျေးရွာ အရှေ့ဘက်ကို လေကြောင်းတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။
အဲဒီဗုံးတွေဟာ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲတာ မဟုတ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
Photo : TGR










