Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် PDF စနိုက်ပါအဖွဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်က ၆ ဦးသေဆုံး
DVB
·
March 18, 2022
275868516_2884431701777494_8627925213490242627_n

ကယားပြည်နယ် ဒီးမောဆိုမြို့နယ် အိုးခူးရီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၇ ရက် နေ့လယ်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစနိုက်ပါအဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့က အရာရှိတဦး အပါအဝင် ၆ ဦး သေဆုံးသွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အခုတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေး စနိုက်ပါအဖွဲ့နဲ့ လွိုင်ကော် PDF စနိုက်ပါအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စနိုက်ပါအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ အရာရှိတဦး ပါဝင်ပြီး အလောင်းကို ရဟတ်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ချက်နဲပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024