DVB Logo
Home
မြန်မာသတင်း
ဘုတလင် အထက်တန်းကျောင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်
DVB
·
March 18, 2022
ဘုတလင် အထက်တန်းကျောင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ် အထက်တန်းကျောင်းမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ မတ်လ ၁၈ ရက် မနက် ၉ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက "မနက်ခင်း ၉ နာရီလောက်က ကျနော်တို့ ဘုတလင် တော်လှန်ရေးအဖွဲ့တွေ အထကကျောင်းထဲမှာ တပ်စွဲထားတဲ့ကောင်တွေကို ပစ်ခတ်ခဲ့တာဗျ။ အဲဒီ အထကကျောင်းထဲမှာ NonCDM လုပ်ထားတဲ့ ဝန်ထမ်းသားသမီးတချို့ရယ်၊ ဒလန်မိသားစု သားသမီးတွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ဘောမသားသမီးတချို့ စာမေးပွဲဖြေနေတာကို လုံခြုံရေး ယူပေးနေတယ်လို့ သတင်းအတိအကျရလို့ အခုလို ဝင်ပစ်ခတ်ခဲ့တာ။ စစ်‌ကောင်စီ အကျဆုံးကတော့ အတိအကျ မပြောနိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး။ ကျနော်တို့ကတော့ စစ်ကောင်စီကပြုလုပ်တဲ့ စာမေးပွဲဖြေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ NonCDM ဆရာ၊ဆရာမတွေကိုလည်း ပြောချင်ပါတယ်။ ပထမအကြိမ်အနေနဲ့ စစ်ကောင်စီကလုပ်တဲ့ စာမေးပွဲကို မပြုလုပ်ဖို့ အသံဗုံးခွဲပြီး အသိပေးခဲ့ပြီးပြီ။ ဒုတိယအနေနဲ့ ကျည်အစစ်နဲ့ ကျနော်တို့ စတင်ပစ်ခတ်ခဲ့တယ်။ နောက်ဆိုရင် စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေတဲ့ ဝန်ထမ်းမိသားစုဝင်တွေရော၊ စာမေးပွဲဝင်ဖြေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေရော အကုန်လုံးကို ရှင်းပစ်မယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့ပေါ်က အဲဒီ အထက်တန်းကျောင်းကို မတ် ၁၆ ရက် မနက်ပိုင်းကလည်း ဘုတလင် PDF အဖွဲ့က အသံဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲ သတိပေးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ကတော့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ PDF တပ်ဖွဲ့တွေ ထွက်ခွာသွားတဲ့ ဘုတလင်-ရေဦးလမ်းပိုင်း ၂၁ မိုင်ဘက်ကို သေနတ်တွေ လိုက်လံပစ်ခတ်နေတယ်လို့ မြို့ပေါ်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံတွေ အပြင်မထွက်ရဲဘဲ အိမ်တွေထဲမှာပဲ နေနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013