DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၆၇ ကြိမ်ဖြစ်ပွား၊ စစ်တပ်ကောင်စီတပ်က ၅၄ ဦးသေ
DVB
·
March 17, 2022
ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၆၇ ကြိမ်ဖြစ်ပွား၊ စစ်တပ်ကောင်စီတပ်က ၅၄ ဦးသေ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်မှာ မတ်လအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ KNAL တပ်တို့ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၅၄ ဦးသေဆုံးပြီး၊ ၄၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့  မတ် ၁၆ ရက်က ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

မတ် ၁ ရက်မှ မတ် ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ဘက်က  စစ်သုံးယာဉ် ၁၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် မြင်းလား ၂ ကောင် ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဘက်ကတော့ တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး၊  ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဗုံးသီးပေါင်း ၁၇ လုံး ကြဲချခဲ့သလို လက်နက်ကြီး ၁၈၉ လုံးပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး၊ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

မတ် ၁၁ ရက်က စစ်ကောင်စီရဲ့ ခလရ ၉၇ စစ်ကြောင်းကို KLNA ပူးပေါင်းတပ်ဖွဲ့တွေက  မယ်တရူလိုကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေဆုံးပြီး၊ တပ်ခွဲမှူးအပါအဝင် ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ ၂၇ ဦးအရှင်ဖမ်ဆီးခံခဲ့ရတဲ့အတွက် စစ်ကောင်စီက တပ်မဟာ ၅ နယ်မြေကို လူ၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကေအန်ယူ တာဝန်ရှိသူက ဆိုပါတယ်။

အခုလို စစ်ရေးလှုပ်ရှားမှုတွေကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေရသလို စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013