DVB Logo
Home
မြန်မာသတင်း
ဗုံးမတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့သည့် UG ရဲဘော် ၂ ဦးအလောင်း ၂ ရက်ကြာမှ စစ်တပ်က သယ်ယူ
DVB
·
March 17, 2022
ဗုံးမတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့သည့် UG ရဲဘော် ၂ ဦးအလောင်း ၂ ရက်ကြာမှ စစ်တပ်က သယ်ယူ
Donate to DVB

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ဆိုင်ကယ်အတွင်း ပါလာတဲ့ဗုံး မတော်တဆ ပေါက်ကွဲသွားတာကြောင့် ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အလောင်းကို ၂ ရက်နီးပါးကြာမှ စစ်ကောင်စီတပ်က လာသယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီးမှာ မတ် ၁၄ ရက် ညနေပိုင်းက Ranger Of Mandalay က UG ရဲဘော် ၂ ဦးဟာ တာဝန်ဆောင်ရွက်နေရင်း ဆိုင်ကယ်အတွင်း ပါလာတဲ့ဗုံး မတော်တဆ ပေါက်ကွဲတာကြောင့် ကျဆုံးခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် ၂ ဦးရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်တွေက သယ်ယူခြင်းမရှိဘဲ လမ်းမပေါ်ပစ်ထားပြီး လူမြင်လို့ မကောင်းတော့အောင် ရုပ်ပျက်သွားတဲ့ အချိန်ရောက်မှ လာရောက်သယ်ယူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် ၂ ဦးရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က မသယ်ယူတာဟာ အနီးနားမှာ ကင်းပုန်းတွေချထားပြီး ထောင်ဖမ်းတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ရဲဘော်တဦးက “အလောင်းတွေက ကျီးကန်းတွေ လာစားတာနဲ့ ရုပ်တွေတောင် ပျက်နေပြီ။ နှစ်ရက်နီးပါးလောက်မှ သတင်းတွေထဲပါလာတော့ အထက်က သူတို့ကို ထောင်းမှာကြောက်လို့သာ လာကောက်သွားတာ။ မဟုတ်ရင် လမ်းပေါ်မှာတင် ပုပ်ပြီး ခွေးစား၊ လောက်တက်နဲ့ ထားထားမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးရဲ့ အလောင်းတွေကို မတ် ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ လာသယ်သွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အလောင်းတွေအောက်မှာ မပေါက်ကွဲသေးတဲ့ဗုံး ရှိတာကြောင့် မကောက်ဘဲ ဗုံးရှင်းလင်းရေးအဖွဲ့က လာရောက်ရှင်းလင်းပြီး ကောက်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013