ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (သဲပုံစေတီ) ကို မတ်လ ၁၆ ရက် ညနေက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲတော်ကို စစ်တွေမြို့ရှိ ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ပြီး စစ်တွေကမ်းခြေမှာ နှစ်စဉ် ကျင်းပတာဖြစ်ပြီး ရှေးဟောင်းမြို့တော်၊ မြောက်ဦးရှိ ရှေးဟောင်းဘုရား ပုထိုးစေတီတွေ ပုံစံအတိုင်း သဲတွေနဲ့ ပုံဖော်ဖန်တီး ပူဇော်ကြတာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို စစ်တွေမြို့အပြင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာလည်း ကျင်းပခဲ့ပြီး ဒေသခံ ထောင်သောင်းချီ လာရောက်ပါဝင် တက်ရောက်ကြပါတယ်။
အဆိုပါပွဲတော်ကို ရခိုင်ဘုရင်တွေလက်ထက် ဝေသာလီခေတ်မှ မြောက်ဦးခေတ်အထိ ကျင်းပခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - NiNi/MPA