
၂၀၂၅ AFCON အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါက အိမ်ရှင် မော်ရိုကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က ရလဒ်ကို ပယ်ဖျက်လိုက်တဲ့အပေါ် ဆီနီဂေါဘက်က ဒီဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် အားကစားခုံရုံး (CAS) ထံမှာ အယူခံဝင်သွားမှာ ဖြစ်ပါတယ်။
ပွဲကစားနေတုန်း ကစားသမားတွေ ကွင်းထဲက ထွက်သွားခဲ့လို့ မော်ရိုကို,ကို ၃-၀ ဂိုးနဲ့ နိုင်တယ်လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ။
ဒါကြောင့် မူလချန်ပီယံ ဆီနီဂေါအစား မော်ရိုကိုအသင်းက ချန်ပီယံဆုကို လွှဲပြောင်းရရှိသွားပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) အမှုဆောင်အဖွဲ့ဝင် အော်ဂတ်စတင် ဆန်ဂေါကတော့ ဒါဟာ "မတရားတဲ့လုပ်ရပ်" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။










