DVB Logo
Home
မြန်မာသတင်း
ထားဝယ် ကမ်းနားစျေးက စျေးသည်အများစုအပါအဝင် ပြည်သူ ၁၀၀ ကျော် အဖမ်းခံရ
DVB
·
March 16, 2022
ထားဝယ် ကမ်းနားစျေးက စျေးသည်အများစုအပါအဝင် ပြည်သူ ၁၀၀ ကျော် အဖမ်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားစျေးနဲ့ အနီးတဝိုက်မှာ ဒီနေ့ မနက် ၃ နာရီခွဲလောက်က စျေးသည်အများစု အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ စျေးအနီး နေထိုင်သူတွေက ပြောပါတယ်။

ထားဝယ်မြို့မှာ လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး အဆိုပါ ညမထွက်ရအမိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ထားဝယ် ကမ်းနားစျေးဟာ ပုံမှန် မနက် ၃ နာရီလောက်ဆို စျေးသည်တွေနဲ့ စည်ကားနေလိမ့်ရှိပြီး အရင်ကတော့ အခုလို ဖမ်းဆီးတာမျိုး မရှိခဲ့ဘူးလို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

အဖမ်းခံထားရတဲ့သူတွေကို ပိုက်ဆံ နှစ်သိန်းနဲ့ လာထုတ်ခိုင်းနေတဲ့အတွက် ပိုက်ဆံပေးပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူအချို့လည်း ရှိတယ်လို့ သိရပါတယ်။

စျေးအနီးနေထိုင်တဲ့ ထားဝယ်မြို့ခံတဦးက "မနက်အစောကြီး ဖမ်းသွားတာ။ လမ်းလျှောက်တဲ့သူရော၊ စျေးသည်ရော၊ ငါးဒိုင်က လူတွေပါ ပါတယ်။ အကုန် ၁၀၀ ကျော်တောင် ရှိမယ်။ ဖမ်းပြီး ပိုက်ဆံ နှစ်သိန်းနဲ့ လာထုတ်ခိုင်းနေတယ် ကြားတယ်" လို့ ပြောပါတယ်။

မတ် ၁၅ ရက်၊ ည ၇ နာရီလောက်က ကမ်းနားစျေးနဲ့ကပ်လျက် တလိုင်းမရပ်ကွက်ထဲမှာ CDM အယောင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို သတင်းပေးဖမ်းခိုင်းတာမျိုး လုပ်နေတယ်ဆိုတဲ့ အသက် ၃၀ အရွယ် ရဲတပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013