DVB Logo
Home
Lead Story
မဝေးဘူး ရောက်လုပြီ
DVB
·
March 16, 2022
မဝေးဘူး ရောက်လုပြီ
Donate to DVB

အခုချိန်ဟာ ကျနော်တို့နိုင်ငံ ပြည်သူတွေအနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် အဖွဲ့အစည်းကို အမြစ်ဖြတ်တော်လှန်တဲ့ တော်လှန်ရေးဖြစ်စဉ်သမိုင်းကို ကျော်ဖြတ်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဖြစ်စဉ်ဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းဟာ ရွေးကောက်ခံအစိုးရဆီကနေ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လိုက်လို့ ဖြစ်ပေါ်လာရတဲ့ သမိုင်းဖြစ်စဉ်ဖြစ်တယ်၊ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အရာအားလုံးအတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အဖွဲ့အစည်းမှာသာ တာဝန်အပြည့်အဝရှိတယ်လို့ ပြောရပေလိမ့်မယ်။

တကယ်တော့ ကျနော်တို့နိုင်ငံအနေနဲ့ လက်နက်အားကိုးနဲ့ အာဏာသိမ်းယူမှုဟာ ပထမဆုံးအကြိမ် မဟုတ်ပေဘူး၊ တတိယအကြိမ်မြောက်ပါ။ ပထမအကြိမ်အဖြစ် ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ အကြမ်းအဖက်အဖွဲ့စည်းက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်။ အဲဒီအချိန် ကမ္ဘာ့သမိုင်းမျာ ဆိုရှယ်လစ်ဝါဒ လှိုင်းလုံးကြီးကြီးထွား အားကောင်းမောင်းသန် ရှိချိန်‌ပေါ့။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတဲ့ မျက်နှာဖုံးဟာ တက်ကြွတဲ့လူငယ်အများစု တွေဝေသွားစေတယ်။ ကျောင်းသားတွေ အလုပ်သမားတွေရဲ့ တော်လှန်ရေးဟာ ရက်စက်စွာ ဖြိုခွင်းခံလိုက်ရတယ်၊

ပြည်သူတရပ်လုံး ပါဝင်တော်လှန်ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာမှ ဗိုလ်နေဝင်း  ပြုတ်ကျသွားခဲ့တယ်။ ၂၈ နှစ် ကြာမြင့်ခဲ့တဲ့ သဘော..

နောက် ဗိုလ်စောမောင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံတော်အာဏာကို ဆက်လက် သိမ်းပိုက်လိုက်ပြန်တယ်။ အဲဒီမှာ ရွေးကောက်ပွဲလုပ်ပေးမယ်၊ အနိုင်ရရှိသူကို အာဏာပြန်အပ်နှင်းပြီး သူတို့ စစ်တန်းလျားပြန်မယ်ဆိုတဲ့ သူတို့ရဲ့ လိမ်ညာစကားကို ကျနော်တို့ ယုံစားမျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံး ဗိုလ်စောမောင်ကို ဖြုတ်ချပြီး နေရာယူလာတဲ့ ဗိုလ်သန်းရွှေက ပြည်သူကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခြေမန်းကွင်းနဲ့ချုပ်နှောင်ပြီး အာဏာရှင်စနစ် ထာဝရရှင်သန်အောင် ဖန်တီးပြီး ရုန်းထွက်သွားခဲ့တယ်။ ၂၂ နှစ် ကြာမြင့်ခဲ့တဲ့သဘော…

အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံတော်အာဏာကို သိမ်းပြန်တယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ တပ်မတော်လို့ မသုံးဘဲ အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ သုံးနှုန်းပါတယ်။ တပ်မတော်ဆိုတာ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တာ၊ ပြည်သူတွေကို စောင့်ရှောက်ကာကွယ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနဲ့ မင်းအောင်လှိုင်တို့ဟာ  နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို လျစ်လျူရှုပြီး သူတို့အတ္တအကျိုးအတွက် လက်နက်ကိုင်အဖွဲ့အစည်းကို အသုံးချလိုက်တာ ဖြစ်တယ်။ ပြည်သူ့အကျိုးကို ဥပက္ခာပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟာ တပ်မတော်မဟုတ်ပါဘူး။ ဒါကြောင့် အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ ခေါ်သင့်လှတယ်။ ဒါကြောင့် ကျနော်အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ သုံးနှုန်းပါမယ်။ 

အခု မင်းအောင်လှိုင်ဟာ သူ့ရဲ့  မတန်မရာ မျှော်လင့်တဲ သမ္မတရာထူးတွက် နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တယ်။ သူ့ရှေ့က ဆရာတွေလို ၂၈ နှစ် ကြာမြင့်မှာလား၊ ၂၂ နှစ် ကြာမြင့်မှာလား။ ခုဆို ၁ နှစ် ကျော်လာပြီ။ လုံးဝအုပ်ချုပ်လို့မရသေးတာကို တွေ့ရတယ်။ ရွာတွေမီးရှို့၊ ပြည်သူတွေကို ဥပဒေမဲ့ ပစ်သတ် ဖက်ဆစ်တွေအတိုင်း ပြုမူနေတယ်။ သူတို့ရဲ့ ဗီဇစိတ်ဓာတ် အကြောက်တရားနဲ့ လွှမ်းမိုးအုပ်ချုပ်မယ်ပေါ့။ ဒါပေမဲ့ မတရားပြုကျင့်ခံနေရတဲ့ ကျနော်တို့ ပြည်သူတရပ်လုံးဟာ ခဲမှန်ဖူးတဲ့ စာသူငယ်တွေပီပီ သူတို့ကတိ သူတို့စကားတွေကို လုံးဝ မယုံကြည်ကြတော့ပါဘူး။ 

ရရာလက်နက်နဲ့ တော်လှန်နေကြတာ ပကတိဖြစ်စဉ်ပါ၊ နာကြည်းမှုတွေကြောင့် အကြောက်တရားတွေကို ရဲဝံ့စွာ ကျော်ဖြတ်သန်းနေကြတယ်။ ဒီမှာ လက်နက်ချင်း မယှဉ်နိုင်တဲ့အပြင် လူသားဆန်တဲ့စိတ် ပျောက်ဆုံးနေတဲ့ သူတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေရဲ့ ပေးဆပ်မှုတွေကတော့ ကြီးမား လှပါတယ်။ ဒါပေမဲ့ ကျနော်တို့ပြည်သူတွေဟာ တစက်ကလေးမှ နောက်တွန့်မသွားကြဘူး။ အမြစ်ဖြတ်တော်လှန်တာဖြစ်တာမို့ ရှေ့သို့သာ ရဲရဲဝံ့ဝံ့ချီ.. အောင်ကိုအောင်ရမည်.. စိတ်ဓာတ်အပြည့်နဲ့ပေါ့..။

သူတို့မှာတော့ ယတြာတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ အချင်းချင်း မယုံကြည်မှုတွေနဲ့ ထိန်းချုပ်နေကြရတယ်။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေ အစွမ်းကုန် ထုတ်သုံးနေကြတယ်။ ဆေးဖော်ကြောဖက် မရှိ၊ တကောက်ကြွက်မျှ ပါပဲ။ အဲဒီအခြေအနေတွေက သူတို့အတွက် ကုန်းဆင်းလမ်းတွေပါပဲ။

ကျနော်တို့ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်ရှိကြရင်၊ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ လူငယ်လူရွယ်တွေကို တတ်စွမ်းသမျှ ကူညီပေးရင်၊  မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းဟာ ၂ နှစ်ထက် ကျော်လွန်အောင် မရပ်တည်နိုင်တော့ပါကြောင်း…။

ဒေါင်းနီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013