DVB Logo
Home
Lead Story
“ကျွန်ချစ်ရင် နေမျိုး၊ သားချစ်ရင် သတိုး”
DVB
·
April 23, 2022
“ကျွန်ချစ်ရင် နေမျိုး၊ သားချစ်ရင် သတိုး”
Donate to DVB

၁၂ လ ၁၂ ရာသီပွဲထဲမှာ ကျုပ်တို့လူမျိုးတွေ အလေးအနက်အထားဆုံး၊ အပျော်ရွှင်ဆုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်က နှစ်ကူးသင်္ကြန်ပွဲတော်ပါပဲ။ ကိုဗစ်-၁၉ ကြောင့် တနှစ် မဆင်နွှဲရ၊ ဒင်းတို့ အာဏာသိမ်းလို့ မဆင်နွှဲရ..။ ပြည်သူတွေ သင်္ကြန်ငတ်မွတ်နေတာ ၂ နှစ်ရှိသွားပြီ..။ ဒီနှစ် စည်စည်ကားကား ကျင်းပပေးလိုက်ရင် သင်္ကြန်ပွဲတော်ကြီး ဝက်ဝက်ကွဲအောင် စည်ကားလိမ့်မယ်လို့ တွက်ဆထားကြဟန်တူပါရဲ့။ ဒါပေမဲ့ ကျုပ်တို့ ပြည်သူတွေက ဒင်းတို့ကို အသည်းပေါက်အောင် နာကျည်းနေကြတာလေ ..။

ဒီတော့ ကျုပ်တို့ ပြည်သူတွေက အပျော်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်ပြောင်းလဲပြီး ရေမဆော့သပိတ်နဲ့ တုံ့ပြန်လိုက်ကြတယ်။ ဒင်းတို့ မပြောနဲ့ ကျုပ်တောင် ပြည်သူတရပ်လုံးရဲ့ ညီညွတ်မှုကို မြင်တွေ့လိုက်ရတော့ ကြက်သီးမွေးညင်းထအောင် လန့်ဖျပ် ကြောက်ရွံ့မိပါရဲ့။ နှစ်ဆန်းတရက်နေ့မှာ အပြင်မထွက်ရ၊ ထွက်ရင် ယောက်ျားဆိုရင် ၃ ချက်၊ မိန်းမဆိုရင် ၂ ချက်၊ ကလေးဆိုရင် ၁ ချက် ကြိမ်ဒဏ်ပေးမယ်လို့ တောက်တီးတောက်တဲ့ ဥပဒေတွေ လိုက်လံကြေညာပါလေရော။ တကယ်ကို ကပေါက်တိ ကပေါက်ချာ..။

ဘာပဲဖြစ်ဖြစ် အဲဒီအချက်တွေဟာ ကျုပ်တို့ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအောင်မြင်တော့မယ့် လက္ခဏာတွေပဲလို့ ကျုပ်ကတော့မှတ်ယူမိသဗျာ။ ပြည်သူတွေရဲ့ ညီညွတ်မှုကို အလေးနီပြုလိုက်ပါရဲ့။

ဒီမှာ မအလ က ဘွဲ့ထူး၊ ဂုဏ်ထူးတွေလည်း ဖောခြင်းသောခြင်း ပေးအပ်လာတာ တွေ့ရှိရသဗျ။ အဲဒီမှာ ရက်ပိုင်းသာ သမ္မတဖြစ်ခွင့်ရလိုက်တဲ့ ဒေါက်တာမောင်မောင်တို့၊ နာရီပိုင်းအတွင်းသာ ယာယီသမ္မတဖြစ်ခွင့်ရလိုက်တဲ့ မြင့်ဆွေတို့ပင် ပါလိုက်သေးရဲ့။ ဒါပေမဲ့ ငါးနှစ်ငါးမိုး သမ္မတလုပ်ခဲ့တဲ့ သိန်းစိန်တော့ ပါဝင်မလာဘူး။ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ဟန်တူပါရဲ့။ ကျုပ်ဖြင့် ပြန်ဝန်ဟောင်း ရဲထွဋ်အစား မျက်ခုံးတွေလှုပ်လိုက်တာပါ။

အဂ္ဂမဟာ သရေစည်သူ မအလ က ဒင်းအတွက်တော့ မမေ့မလျော့ ဘွဲ့ထပ်ပြီး ယူလိုက်ပြန်တယ်။  “သတိုးသီရိ သုဓမ္မ” ဘွဲ့ တဲ့။ ကျုပ်အနေနဲ့တော့ အရူးကောင် မအလတယောက် အဲဒီဘွဲ့ လက်ခံရယူတာ နားမလည်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒင်းက မတန်မရာ သမ္မတရာထူး ရူးနေတာလေ။ သိကြတယ်ဟုတ်။”

ဒါပေမဲ့ ကျုပ်တို့ မြန်မာတွေ အစဉ်အဆက် အစဉ်အလာမှာ “ကျွန်ချစ်ရင် နေမျိုး၊ သားချစ်ရင် သတိုး” ဆိုတဲ့ ဆိုရိုးရှိတယ်ဗျ။ မိမိရဲ့ ကျေးကျွန်ကို ချစ်ရင် “နေမျိုး” ဘွဲ့ပေးတတ်တယ်။ သီပေါဘုရင်က ဆိုင်းဆရာ စိန်ဗေဒါကို “နေမျိုးဗလကျော်သူ” ဘွဲ့ပေးအပ်ခဲ့တယ်။ နောက် သားသမီးတွေကိုချစ်ရင်တော့ “သတိုး” ဘွဲ့ ပေးအပ်တတ်ကြတယ်။ အခု အရူးကောင် မအလ ကို ပေးအပ်တဲ့ ဘွဲ့ထူးက  “သတိုးသီရိ သုဓမ္မ” ဆိုတော့ သားသမီးပေးတဲ့ ဘွဲ့ဖြစ်နေတယ် .. ။

ဒီမှာ လက်ရှိ သမ္မတကြီးက ဦးဝင်းမြင့်။ ရှေးအစဉ်အလာဆိုရင် ဘုရင်ကြီးက ဦးဝင်းမြင့်။ ဒီတော့ မအလ က ဦးဝင်းမြင့်ရဲ့ သားအဖြစ် ခံယူလိုက်သလိုဖြစ်နေတယ်။ အရူးကောင်ရာ ကြီးတောင့်ကြီးခါမှာ ကိုယ့်မိခင်ကြီးကို နောက်လင်ပေးစားဖို့ မကြိုးစားပါနဲ့။ မင့် ရင်ဘတ်မှာလည်း ချိတ်ဆွဲစရာမရှိအောင် ဘွဲ့တံဆိပ်တွေ ပြည့်နေပြီ ဥစ္စာကို..။

ကျပ်အကြံပေးချင်တာကတော့ ဓာတ်ရှင်မင်းသမီးရဲ့ ပေးအပ်ပြီးတဲ့ တံဆိပ်တောင် ပြန်လည်ရုပ်သိမ်းခဲ့တာပဲ။ ခုလည်း မင်းရဲ့ ပေါချာချာဘွဲ့  “သတိုးသီရိ သုဓမ္မ” ကို ပြန်သာပေးအပ်လိုက်။ ဟုတ်ပြီလား။ နို့ မဟုတ်ရင် အမေနဲ့ လဲလှယ်ပြီး ရရှိခဲ့တဲ့ ဘွဲ့တံဆိပ်ကြီးလို့ မော်ကွန်းဝင်သွားလိမ့်မယ်။ မော်ကွန်းထိုးကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် “ကျနော်ကတော့ ဘာနဲ့ လဲလှယ်ရ လဲလှယ်ရ ယူမှာပဲ ရရင်” ဆိုရင်တော့ အရူးကောင်ရဲ့ သဘောပ …။

ဟော .. ခုဆို ၂ နှစ်ကျော် ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီ။ မန္တလေးမှာတော့ ကြည့်မယ့်သူ မရှိဘူးတဲ့။ ရန်ကုန် သမ္မတရုံမှာတော့ ကြည့်တဲ့သူ ၂၀ လောက်ရှိသတဲ့။ ကောင်းတယ်..။ ပိုက်ဆံပြန်ပေးရင်လည်း အရှက်ရ။ ပြသပြန်ရင်လည်း အရှုံးရ။ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင်တွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေ ဘယ်အထိ တောင့်ခံထားနိုင်ကြမလဲ..။ အာဏာရှင် အကြမ်းဖက်အဖွဲ့အစည်းအား တော်လှန်ရေးဟာ ပြည်သူအားလုံးနဲ့ သက်ဆိုင်နေပါကြောင်း …။

နွေဦးတော်လှန်ရေး အောင်ရမည်။

ဒေါင်းနီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013