DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရန် ၁ လ အနည်းဆုံးဒေါ်လာ ၂၀ ဖြင့် PDF ထောက်ပို့တပ်တွင် ပါဝင်နိုင်
DVB
·
March 16, 2022
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရန် ၁ လ အနည်းဆုံးဒေါ်လာ ၂၀ ဖြင့် PDF ထောက်ပို့တပ်တွင် ပါဝင်နိုင်
Donate to DVB

စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန် ထမ်းဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF ထောက်ပို့တပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် လစဉ်လတိုင်း စားနပ်ရိက္ခာ ဖူလုံနိုင်ရေး ရည်ရွယ်ပြီး မြေပြင်တိုက်ရိုက်ကူညီပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
လစဉ်မပြတ် တာဝန်ယူကြမယ့် ထောက်ပို့တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကို ဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမှာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ် စားနပ်ရိက္ခာ ဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၀ လိုအပ်မှာဖြစ်ပြီး မိမိတို့တတ်နိုင်တဲ့ တပ်သားအရေအတွက်ကို တဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ထောက်ပို့မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ၁ လကို ဒေါ်လာ ၂၀ ဆိုရင် ထောက်ပို့တပ်သား၊ ဒေါ်လာ ၂၀၀ ဆိုရင် ထောက်ပို့တပ်စိတ်မှူး၊ ဒေါ်လာ ၆၀၀ ဆိုရင် ထောက်ပို့တပ်စုမှူး၊ ဒေါ်လာ ၂,၀၀၀ ဆိုရင် ထောက်ပို့တပ်ခွဲမှူး၊ ဒေါ်လာ ၁ သောင်းဆိုရင် ထောက်ပို့တပ်ရင်းမှူး၊ ဒေါ်လာ ၃ သောင်းဆိုရင် ထောက်ပို့တပ်မဟာမှူး စသဖြင့် နိုင်ရာကနေ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားတွေအတွက် ပြည်သူတရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝ တာဝန်ယူကြမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူခဲ့တဲ့ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
တိုင်းနဲ့ ပြည်နယ်အနှံ့မှာလည်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ရေးအတွက် အခုအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၃၀ ရရှိထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တယောက်ချင်းစီကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးဖို့ကတော့ အလှမ်းဝေးနေသေးပြီး လက်နက်တပ်ဆင်ရာမှာ ငွေကြေးရှိတိုင်း ဝယ်ယူနိုင်တာ မဟုတ်သလို ထောက်ပို့လမ်းကြောင်းတွေကလည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013