DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်အ‌ခြေစိုက် ခလရ ၉၇ တပ် တိုက်ခိုက်ခံရ
DVB
·
March 15, 2022
ကော့ကရိတ်အ‌ခြေစိုက် ခလရ ၉၇ တပ် တိုက်ခိုက်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းကို KNLA ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက မတ် ၁၄ ရက် ည ၉ နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ခလရ ၉၇ တပ်ရင်းထဲကနေ  ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KNLA တပ်ရင်း ၁၈ က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ကေအန်ယူတာဝန်ရှိသူ တဦးက ပြောပါတယ်။

“ကျနော်တို့က ရေလယ်ကျွန်း(ခလရ ၉၇ တပ်ရင်း)ကို သွားတိုက်တာ။ နာရီဝက်လောက်ပဲ ကြာတယ်။ KNLA ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်လာခဲ့တယ်။ စစ်တပ်ဘက်တော့ အထိအခိုက်မသိရသေးဘူး။”

အဆိုပါ တိုက်ခိုက်ခံခဲ့ရချိန်ဟာ တပ်ဝင်းအတွင်း မတ် ၁၁ ရက်က  ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ သေဆုံးခဲ့တဲ့ အရာရှိစစ်သည်တွေအတွက် နာရေးရှိနေချိန်ဖြစ်သလို  သေဆုံး၊ ဒဏ်ရာရရှိပြီး၊ အရှင် ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သတင်းပေါက်ကြားမှုမရှိအောင် ရပ်ဝေးက ဆွေမျိုးတွေနဲ့ ဆက်သွယ်ခွင့်မပေးဘဲ ဖိအားပေးခံထားရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ခံတစ်ဦးက”ညက ခလရ ၉၇ အပစ်ခံရတယ်။ အပြန်အလှန်ပစ်ခတ်သံတွေက အိမ်နဲ့နီးတော့ ကြားနေရတယ်။ စစ်တပ်က ညဘက်ကြီး မထင်မှတ်ဘဲ အပစ်ခံရတော့ အထိအခိုက်တော့ ရှိလောက်တယ်။။  ဒီရက်ထဲ တပ်ထဲမှာ အသုဘပွဲတွေနဲ့ အလုပ်ရှုပ်နေချိန် လာအပစ်ခံရတော့ တပူပေါ်နှစ်ပူဆင့်တာပေါ့”လို့ ဆိုပါတယ်။

တိုက်ပွဲအပြီး ခလရ ၉၇ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် အာရှလမ်းဘက်နဲ့  ကမိုင်ကုန်းကျေးရွာဘက်မှာ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ  သေဆုံး၊ ဒဏ်ရာရရှိပြီး၊ အရှင်ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး လာရောက် နှစ်သိမ့်မှုပေးတဲ့ စကစမှူးရဲ့ ပြောဆိုချက်တွေအပေါ် တပ်ဖွဲ့ဝင်မိသားစုတွေက မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်တွင်းသတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီဗွီဘီက အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါနေ့မှာ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်ခွဲဖျက်စီးခံရပြီး ဆက်သွယ်ရေး ဖြတ်တောက်ခံရပါတယ်။

ဒါအပြင် ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ ခရီးသွားယာဥ်တွေကို ဂိတ်‌ကြေးကောက်ခံနေတဲ့ BGF တပ်ဖွဲ့ဝင် ၂ ဦး ပစ္စတိုနဲ့ အနီးကပ်ပစ်သတ်ခတ်ခံရသလို  ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၇ တို့ နှစ်ဖက်တိုက်ပွဲတွေ စတဲ့ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013